Tuesday, October 28, 2025
spot_img
spot_img

မက်ဆီလေလံတင်ခဲ့တဲ့စံချိန်ကို လိုက်မီနိုင်တော့မယ့် ယာမဲလ်ရဲ့အကျီ

ဘာစီလိုနာစတား ယာမဲလ်တစ်ယောက် သူပွဲအတွင်းဝတ်ဆင်ခဲ့တဲ့အကျီကို ပေါင် ၂ သောင်း ၇ ထောင်နဲ့ ရောင်းချခဲ့ပေမယ့် အခုချိန်မှာ လေလံဈေးက မက်ဆီစံချိန်တင်ခဲ့တဲ့လေလံဈေးနဲ့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ MatchWornShirt နဲ့ ချိတ်ဆက်ထားပြီး အဆိုပါဖောင်ဒေးရှင်းဟာ ကမ္ဘာ့အကြီးဆုံးဖောင်ဒေရှင်းဖြစ်ပြီး ဗလန်စီယာရဲ့ရေဘေးသင့်ခဲ့တဲ့နေရာတွေကို ကူညီဖို့ ငွေကြေးရှာဖွေပေးလေ့ရှိတာဖြစ်ပါတယ်။

ပရောဂျက်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဘာစီလိုနာဟာ အက်စ်ပန်ညိုနဲ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့အကျီတွေကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဲ့ထဲမှာ ဘာစီလိုနာစတား ယာမဲလ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပတ် ၁၉ က ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အသက် ၁၇ နှစ်သားရဲ့အကျီက ပေါင် ၂၇၁၄၂ အထိ ရှိနေပြီး လီဝန်ဒေါစကီးရဲ့အကျီက ပေါင် ၁၄၂၃၃ အထိ ရှိနေပါတယ်။အဆိုပါပမာဏတွေက အံ့ဖွယ်ဖြစ်နေပေမယ့် ဘာစီလိုနာဂန္ထဝင်ဟောင်း မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့အကျီတွေကိုတော့ မီဖို့လိုအပ်နေဆဲဖြစ်ပါတယ်။

မက်ဆီကတော့ ပွဲအတွင်းဝတ်ဆင်ခဲ့တဲ့အကျီကို ယူရို ၅၅၀၁၉ နဲ့ ရောင်းချထားပြီး ရော်နယ်ဒိုရဲ့အကျီက ယူရို ၄၅၀၁၂ အထိ စံချိန်တင်ထားခဲ့ပါတယ်။ ပယ်လ်မာရဲ့အကျီကတော့ ယူရို ၄၁၁၂၇ အထိ စံချိန်တင်ထားကာ ဘာပေရဲ့အကျီက ပေါင် ၃၅၇၄၈ အထိ စံချိန်တင်ထားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments