မန်ယူအသင်းသည် အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွိုင်းရားနှင့် ကွင်းလယ်ကစားသမား တွမ်မီနေးတို့ကို လာမည့်နွေရာသီတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။


TalkSport ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် လာမည့်နွေတွင် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်မည်ဖြစ်ပြီး UEFA ၏ ဘဏ္ဍာရေးသာတူညီမျှစည်းမျဉ်း(FFP)နှင့် ညီညွတ်ရန် အသင်းရှိကစားသမားများကို ရောင်းထုတ်ရန်လိုအပ်ကြောင်း သိရသည်။

အသင်းခေါင်းဆောင် မက်ဂွိုင်းရားနှင့် ကွင်းလယ်ကစားသမား တွမ်မီနေးတို့သည် မန်ယူပရိသတ်များ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး နည်းပြ တန်ဟက်ဂ်လက်ထက်တွင် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်နေရသူများဖြစ်သည်။