Monday, October 20, 2025
spot_img
spot_img

မက်ဂွိုင်းရားထံမှ အသင်းခေါင်းဆောင်ရာထူးကို ယခုတစ်ပတ်အတွင်း မန်ယူဖယ်ရှားဖွယ်ရှိ

မန်ယူအသင်းသည် အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းရားထံမှ အသင်းခေါင်းဆောင်ရာထူးကို ယခုတစ်ပတ်အတွင်း ဖယ်ရှားဖွယ်ရှိကြောင်း သိရသည်။

မက်ဂွိုင်းရား(၃၀ နှစ်)သည် မန်ယူအသင်း၏ ကြေးအကြီးဆုံးနောက်ခံလူဖြစ်ပြီး အက်ရှ်လေယန်း အသင်းမှ ထွက်ခွာသွားပြီးနောက် ၂၀၂၀ ဇန်နဝါရီမှစ၍ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

သို့သော် ယခုနောက်ပိုင်းတွင် အမှားအယွင်းများလာခဲ့ပြီး စွမ်းဆောင်ရည်ကျဆင်းလာသည့်အတွက် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားရန် မန်ယူပရိသတ်အချို့က တောင်းဆိုခဲ့ကြသည်။

မက်ဂွိုင်းရားသည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်၌ ပွဲထွက်ကစားသမားအဖြစ် (၈)ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးနောက် ယခုရာသီတွင် မန်ယူနည်းပြ တန်ဟက်ဂ် ရောင်းထုတ်လိုသော ကစားသမားစာရင်း၌ ပါဝင်လာခဲ့ သည်။

သို့သော် ၎င်း၏ မြင့်မားသော လစာနှုန်းထားကြောင့် အခက်တွေ့နေခဲ့ပြီး ယခုအခါ မန်ယူအသင်းအနေဖြင့် မက်ဂွိုင်းရားကို ရောင်းထုတ်နိုင်ခြင်းမရှိခဲ့လျှင်ပင် အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားရန် စီစဉ်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ရာသီကြိုခြေစမ်းပွဲများ စတင်ယှဉ်ပြိုင်ရတော့မည်ဖြစ်သဖြင့် အသင်းခေါင်းဆောင်အပြောင်းအလဲ ပြုလုပ်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူရန် ရေပန်းအစားဆုံးဖြစ်နေသည်။

ဘရူနိုဖာနန်ဒက်စ်သည် မက်ဂွိုင်းရား ပွဲထွက်ခွင့်မရချိန်၌ အသင်းခေါင်းဆောင်တာဝန်ကို အများဆုံးရယူခဲ့ရသူဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments