Tuesday, October 21, 2025
spot_img
spot_img

မက်ဂွိုင်းယားကို ခေါ်ယူရန် ချဲလ်ဆီးစိတ်ဝင်စားနေ

ချဲလ်ဆီးအသင်းသည် မန်ယူအသင်းခံစစ်ကစားသမား မက်ဂွိုင်းယားကို ခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်နေသည်။ မန်ယူအသင်းမန်နေဂျာတန်းဟက်သည် မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးမှ ဖယ်ရှားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ မက်ဂွိုင်းယားသည် မကျေမနပ်ဖြစ်နေပြီး အသင်းပြောင်းရန် ဆုံးဖြတ်ဖွယ်ရှိကြောင်းလည်း သတင်းအချို့က ဖော်ပြသည်။ မန်ယူအသင်း၏ ပေါ်တူဂီကွင်းလယ်လူ ဖာနန်ဒက်စ်သည် အသင်းခေါင်းဆောင် ဖြစ်လာဖွယ်ရှိနေသည်။

မန်ယူသည် ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ရရှိပါက မက်ဂွိုင်းယားကို ရောင်းထုတ်သွားဖွယ်ရှိနေသည်။ အသက် ၃၀ နှစ်အရွယ်ရှိမက်ဂွိုင်းယားက သူ့ကို မန်ယူအသင်းခေါင်းဆောင်နေရာမှ ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ခံစားရခက်ခဲနေကြောင်း တနင်္ဂနွေနေ့က ဆိုရှယ်မီဒီယာတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ချဲလ်ဆီးအပြင် စပါး ဝက်စ်ဟမ်းနှင့် နယူးကာဆယ်တို့ကလည်း မက်ဂွိုင်းယားကို ခေါ်ယူရန် စိတ်ဝင်စားလာဖွယ်ရှိကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။ ကူလီဘာလေအသင်းမှ ထွက်ခွာသွားပြီးနောက် ချဲလ်ဆီးသည် ခံစစ်အတွင်းလူတစ်ဦးကို ခေါ်ယူရန် စိတ်ဝင်စားနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments