Wednesday, November 5, 2025
spot_img
spot_img

‘ဘောလုံးသမိုင်းမှာ စာမျက်နှာတစ်ခု ရေးထိုးရန်’ တိုက်တွန်းလိုက်တဲ့ အင်ဇာဂီ

ဆီမွန်နီအင်ဇာဂီက ယနေ့ည မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ကစားသွားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ် ပွဲစဉ်မှာ အင်တာမီလန် အသင်းတို့ ဘောလုံးသမိုင်းမှာ စာမျက်နှာ တစ်ခု ရေးထိုးသွားရန် တိုက်တွန်းလိုက်ပါတယ်။ အင်တာ မန်နေဂျာက မန်စီးတီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နေတယ်ဆိုတာ အသိအမှတ်ပြုလိုက်ပြီး ၎င်းရဲ့ အသင်းဟာ မန်စီးတီးရဲ့ တစ်ရာသီအတွင်း ဖလားသုံးလုံး အိမ်မက်ကို တားဆီးနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

အင်တာဟာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် အခွင့်အရေး ရှိနေကာ အကယ်လို့များ ဒီဖလားကို ရခဲ့မယ်ဆိုရင်တော့ ဒီိရာသီကို ဖလား ၂ လုံးနဲ့ အဆုံးသတ်နိုင်မှာ ဖြစ်ပါတယ်။ အင်တာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုပါအီတလီယာဖိုင်နယ်မှာ ဖီအိုရင်တီးနားကို အနိုင်ရကာ ဗိုလ်စွဲထားပါတယ်။

အင်ဇာဂီက “ကျနော်တို့ဟာ ဘောလုံးသမိုင်းမှာ စာမျက်နှာတစ်ခု ရေးထိုးနိုင်မယ့် ကြီးမားတဲ့ အခွင့်အရေး ရှိနေပါတယ်။ ဒါဟာ ခက်ခဲမယ်ဆိုတာ ကျနော်တို့ သိထားပြီး ဖြစ်ပေမယ့် ကျနော်တို့ ကြိုးစားသွားမှာပါ။ ကျနော်တို့ စနေနေ့ ဖိုင်နယ်မှာ အနိုင်ရဗိုလ်စွဲအောင် အတူတကွ ကြိုးပမ်းသွားကြမှာပါ။ ကျနော်တို့ စနေနေ့မှာ ဘယ်လိုပွဲမျိုး ကစားသွားရမလဲဆိုတာ သိပါတယ်။ စီးတီးဟာ ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံး အသင်းပါ။ သူတို့ဟာ ကစားခဲ့ပြီးတဲ့ ပွဲစဉ်တွေမှာ ဒါကို သက်သေပြထားခဲ့ပါတယ်။

ကျနော်တို့ ဒီပြိုင်ပွဲမှာ ဒီအဆင့်ထိ ရောက်အောင် လုပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော်တို့ဟာ မယုံနိုင်စရာ အာရုံစိုက်မှုနဲ့ ဒီပွဲကို ကစားသွားမှာပါ။ ကျနော်တို့ တက်နိုင်သမျှ အမှား အနည်းဆုံး ဖြစ်အောင် ကြိုးစားကာ ရတဲ့ အခွင့်အရေးကို အပိုင်ဆုပ်ကိုင်သွားမှာပါ။” လို့ပြောသွားပါတယ်။

ဆက်လက်ပြီး အင်ဇာဂီက “စီးတီးနဲ့ပွဲဟာ ဒီိရာသီ ကျနော်တို့ရဲ့ ၅၇ ပွဲမြောက် ပွဲစဉ်ပါ။ ခက်ခဲတဲ့ကာလတွေနဲ့ တကယ်ရှည်လျားတဲ့ ခရီးလမ်းပါ။ ဒီလိုပွဲတွေကြားမှာ ကျနော်တို့ ရင့်ကျက်လာခဲ့ပါတယ်။ ကျနော်တို့ဟာ ထိုက်တန်တဲ့ ဒါမှမဟုတ် မထိုက်တန်တဲ့ ရှုံးနိမ့်ခဲ့မှုတွေကနေ လေ့လာသင်ယူနိုင်ခဲ့ပြီး အစ္စတန်ဘူရောက်အောင် ခရီးဆက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ကျနော်တို့ အနေနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် အကြောင်းတွေးရန် အချိန်သိပ်မရှိခဲ့ပါဘူး။ ကျနော်တို့ ကိုပါအီတာလီယာဖိုင်နယ်ကို အထူး အာရုံစိုက်နေခဲ့တာပါ။ အခုမှသာ ဒီိရာသီ ကျနော်တို့ အကောင်းဆုံး စွမ်းဆောင်ခဲ့တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ နိုင်ပွဲနဲ့ ပြန်ထွက်လာနိုင်အောင် အပြင်းအထန် တိုက်ပွဲဝင်သွားမှာပါ။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments