Wednesday, March 4, 2026
spot_img
spot_img

ဘုန်းမောက်နဲ့ နိုင်ပွဲအပြီး အသင်းသား 3 ဦးကို ချီးကျူးခဲ့လိုက်တဲ့ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟတ်

ဘုန်းမောက်နဲ့ အရေးကြီးတဲ့ ပွဲစဥ်ကို အနိုင် ကစားနိုင်ခဲ့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟတ်က ဒေးဗစ် ဒီဂီယာဟာ အရမ်းကို ကောင်းတဲ့ ဂိုးသမား တစ်ဦး ဖြစ်နေသေးဆဲဆိုတာကို သက််သေပြခဲ့ပြန်ပြီ ဖြစ်ကြောင်း ချီးကျူးခဲ့လိုက်ပါတယ် ။

အဆိုပါ ပွဲစဥ်မှာ ဒီဂီယာဟာ ဒိုမီနစ် ဆိုလန်ကီ ၊ ဒေးဗစ် ဘရွတ်ခ် နဲ့ ကီဖာ မူးရေ တို့ရဲ့ ကန်ချက်တွေကို ကာကွယ်ပြနိုင်ခဲ့ပြီး ယူနိုက်တက်တို့ကို 1-0 ဆိုတဲ့ ရလဒ်နဲ့ ပွဲစဥ်ထဲ ဆက်လက် ရှိနေစေရေးမှာ အကူအညီတွေ ပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ကွင်းလယ်လူ ကာစီမီရို က လှလှပပ သွင်းယူခဲဲ့တာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ ဒီဂီယာ ကတော့ ဂိုးမပေးရလေအောင် ၊ Clean Sheet ရအောင် အသင်းကို ကူညီပြီး ရွှေလက်အိတ်ဆုကို အပိုင်သိမ်းခဲ့တာပဲ ဖြစ်ပါတယ် ။ သူနဲ့ ပတ်သက်လို့ တန်ဟတ် က …

” အရမ်း ပျော်ရွှင်ပါတယ် ။ ပထမဆုံး 25 မိနစ်ဟာ ကျွန််တော်တို့ အသင်းဆီက အကောင်းဆုံး စွမ်းဆောင်ရည်ကို မြင်တွေ့ရခြင်းပဲလို့ ထင်မိပါတယ် ။ ဒီရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်လို့တောင် ပြောလို့ရပါတယ် ။ ကျွန််တော်တို့ ဒီလို ပုံစံနဲ့ပဲ ဘောလုံး ကစားချင်တာလေ ”

” ပြိုင်ဖက်ကို ခံစစ်ကစားခိုင်းမယ်၊ ဘောလုံးကိုင် ကစားပုံ ကောင်းရမယ် ၊ ရွေ့လျားမှုတွေ အများကြီးပဲ ရှိရမယ် ၊ ကောင်တာ တိုက်စစ်ဆင် ဖိအားပေး ကစားပုံ ကောင်းမွန်ရမယ် ၊ ဖိကစားနိုင်ရမယ် ။ ကျွန်တော် လိုချင်တာ အဲ့တာတွေပါပဲ ။ ဘုန်းမောက်တို့ ကစားပုံ ကောင်းကြပါတယ် ။ သူတို့ရဲ့ ကစားပုံကို ကျွန်တော် နှစ်သက်တယ်လေ ”

” Clean Sheet ရတယ် ဆိုတာက အရမ်းကို အရေးကြီးတဲ့ ကိစ္စပါပဲ ။ အဲ့တာ ကျွန်တော်တို့ရဲ့ ဖွဲ့စည်းတည်ဆောက််ပုံ ၊ plan နဲ့ ကျွန်တော်တို့ရဲ့ ဦးစားပေးလုပ်ချင်တာတွေကို ပေါ်လွင်စေတယ်လေ ။ ကစားသမားတွေ plan အပေါ် ဘယ်လောက် ယုံကြည်လည်းဆိုတာပါ သိသာတယ်လေ ”

” ကျွန်တော်တို့ အသင်းမှာ ဖိအားပေး ကစားတာ ၊ ခုခံတဲ့ နေရာတွေမှာ တစ်ကိုယ်တော်ထူးချွန်တဲ့ ကစားသမားတွေ ရှိနေကြပါတယ် ။ ဒါ့အပြင် ကျွန်တော်တို့အသင်းမှာ 1 by 1 တွေ့တဲ့အခါ ကာကွယ်မှုတွေ လုပ်ဆောင်နိုင်တဲ့ အလန်းစား ဂိုးသမားကောင်းလည်း ရှိနေပါသေးတယ် ” လို့ ပြောရင်း နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြခဲ့တဲ့ လင်ဒီလော့ဖ် နဲ့ ပတ်သက်လို့…

” သူလည်း အရမ်းကို ကောင်းလှပါတယ် ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ clean sheet အကြောင်း ပြောရရင် ဒါဟာ တစ်သင်းလုံးရဲ့ အားစိုက်ထုတ်မှုကြောင့်လို့ပဲ ပြောရပါလိမ့်မယ် ။ ဒီအတွက် ဂိုးသမားနဲ့ ဗဟို ခံစစ်မှူးတွေရဲ့ အားစိုက်ထုတ်မှုတွေက အရေးပါလွန်းလှပါတယ် ”

” သူတို့ တကယ့်ပဲ အာရုံစိုက် ကစားပေးနိုင်ခဲ့ကြပါတယ် ။ ဗစ်တာဟာ ဧပြီ နဲ့ မေလတွေထဲမှာ အကောင်းဆုံး ပုံစံပြ ကစားပေးနိုင်ခဲ့ပါတယ် ။ ရာဖာ (ဗာရန်း) လည်း အတူတူပါပဲ ။ သူ့ရဲ့ နေရာယူပုံ ၊ ညွှန်ကြားပုံ ၊ ဘောလုံး ယှဥ်လုမှုတွေဟာ အရမ်းကို ကောင်းခဲ့ပါတယ် ” လို့ တန်ဟတ် က ချီးကျူးခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments