Wednesday, March 4, 2026
spot_img
spot_img

ဘိုင်ယန်နှင့်ပွဲအတွက် စိတ်ဓာတ်ယုံကြည်ချက်နှင့် ကစားသမားအချို့ကို လိုအပ်နေကြောင်း ပီအက်စ်ဂျီနည်းပြချုပ်ပြောဆို

မနေ့ညက ကစားသည့်ပွဲတွင် ပီအက်စ်ဂျီအသင်းသည် မိုနာကို အသင်းကို အဝေးကွင်းတွင် ၃-၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။ ပီအက်စ်ဂျီသည် အသင်းသားအချို့ မကျန်းမာခြင်းကြောင့် ထိုသို့ရလဒ်ဆိုးသွားခြင်း ဖြစ်နိင်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြသည်။

မက်ဆီနှင့်ဘာပေတို့သည် ပေါင်တွင်းကြောဒဏ်ရာများ ရနေခြင်းကြောင့် မိုနာကိုနှင့်ပွဲတွင် အသင်းအတွက်ပါဝင်ကစားနိုင်ခြင်း မရှိဖြစ်ခဲ့သည်။ ပီအက်စ်ဂျီသည် တိုက်စစ်တွင် နေမာနှင့် အက်ကီတီကီတို့ကို တွဲဖက်ပွဲထုတ်ခဲ့သည်။ မိုနာကိုအသင်းအတွက်ဂိုးများကို ပွဲချိန် ၄ မိနစ်တွင် ဂိုလိုဝင်၊ ပွဲချိန် ၁၈ မိနစ်နှင့် ၄၅ မိနစ်တို့တွင် ဘန်ယက်ဒါက သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင်ပင် ပီအက်စ်ဂျီသည် သုံးဂိုးပြတ်ရှုံးနိမ့်နေခဲ့သည်။

“ပွဲအစကြီးက ဆိုးလွန်းလို့ ဒေါသထွက်မိပါတယ်။ တတိယဂိုးကိုလည်း မထင်မှတ်ပဲ ပေးလိုက်ရတယ်။ ပီအက်စ်ဂျီက ဂိုးသွင်းမလို့ မျှော်လင့်နေတုန်းဂိုးပေးလိုက်ရတာဖြစ်ပါတယ်။ အသင်းမှာ ကျန်းမာရေးမကောင်းတဲ့ သူအချို့ဝင်မကစားနိုင်ဘူး။ ဒေါသတကြီးဖြစ်နေတာတွေလည်း ရှိပါတယ်။ အသင်းသားတွေအတွက်ရော ပရိသတ်တွေအတွက်ပါ ခက်ခဲတဲ့အချိန်ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ဘိုင်ယန်မြူးနစ်နဲ့ ကြီးကျယ်တဲ့ပွဲတစ်ပွဲကို ကစားဖို့ရှိပါတယ်။ ပီအက်စ်ဂျီအသင်းက ယုံကြည်ချက် ခွန်အားနဲ့အတူ ကစားသမားတချို့ ပြန်ကစားနိုင်ဖို့ လိုအပ်ပါတယ်။ အသင်းက ပေးဂိုးများနေပြီး ဟန်ချက်တစ်ခုကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ပီအက်စ်ဂျီက တုံ့ပြန်ကစားနိုင်မှုမရှိပါဘူး”ဟု ဂေါ်လ်တီယာက ပြောဆိုလိုက်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments