Monday, November 10, 2025
spot_img
spot_img

ဘာလိုဂန် အတွက် တန်ကြေး ကြီးကြီးမားမား သတ်မှတ်လိုက်တဲ့ အာဆင်နယ်

ပြင်သစ် လီဂူး ၁ မှာ အငှား ထွက်ကစားပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နိုင်ခဲ့တဲ့ ဘာလိုဂန် ဟာ အာဆင်နယ် အသင်းကို ပြန်ရောက်လာတော့ မှာ ဖြစ်ပြီး အဓိက တိုက်စစ်မှူး အဖြစ် ကစားချင်တဲ့ သူ့ရဲ့ ဆန္ဒကြောင့် အမ်းမရိတ်တွင် ဆက်ရှိဖို့ မသေချာ မရေရာတဲ့ အနေအထားမှာ ရှိနေပါတယ် ။

အမေရိကန် လက်ရွေးစင် တိုက်စစ်မှူး ဘာလိုဂန် ဟာ ရိမ်းစ် အသင်း ထံ အငှား ထွက်ကစားရာမှာ ၃၇ ပွဲ ကစား ၂၁ ဂိုး သွင်း ဂိုးဖန်တီးမှု ၂ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ ဘာလိုဂန် ဟာ ပြင်သစ် လီဂူး ၁ ရဲ့ ရွှေဖိနပ်ဆု နဲ့ လွဲချော် ခဲ့ရပေမယ့် နာမည်ကျော် ကစားသမားတွေ ဖြစ်ကြတဲ့ မက်ဆီ နှင့် နေမာတို့ထက်တော့ ဂိုးပို သွင်းနိုင်ခဲ့ပါတယ် ။

၂၀၂၂-၂၃ ခုနှစ် ဘောလုံးရာသီမှာ ဘာလိုဂန် ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် ဥရောပ အသင်းကြီးတွေ ဖြစ်ကြတဲ့ အေစီမီလန် ၊ မာဆေးလ် ၊ လိုက်ဇစ် ၊ မိုနာကို ၊ အင်တာမီလန် စတဲ့ အသင်းတွေဟာ အမေရိကန်သားကို ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေပါတယ် ။ ဘာလိုဂန် ကတော့ အာဆင်နယ် အသင်းမှာ အဓိက တိုက်စစ်မှူး အဖြစ် မကစားရပါက သူ့ကို ပုံမှန် ပွဲထွက်ခွင့်​ပေးနိုင်တဲ့ အသင်းကိုပဲ ပြောင်းရွှေ့ကစားချင်နေပါတယ် ။

အာဆင်နယ် အသင်းမှာ တိုက်စစ်မှူးတွေ အဖြစ် ဂျေးဇု ၊ အန်ကီးတီးယား တို့ ရှိနေကြပြီး ဘာလိုဂန် အနေနဲ့ ပွဲထွက်ခွင့် နေရာအတွက် သူတို့နှင့် ယှဉ်ပြိုင် ရဖွယ် ရှိနေပါတယ် ။ အပြောင်းအရွှေ့ ကျွမ်းကျင်သူ အွန်စတွန်း ကတော့ ဘာလိုဂန် ဟာ အာဆင်နယ် အသင်းမှာ အဓိက တိုက်စစ်မှူး ကစားရနိုင်ချေ မရှိတာကြောင့် ရောင်းထုတ် ခံရနိုင်ဖွယ် ရှိတယ်လို့ သုံး သပ်ထားပါတယ် ။

ဘာလိုဂန် ဟာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိ နေသူ ဖြစ်ပါတယ် ၊ သတင်းတွေ အရတော့ အာဆင်နယ် အသင်းဟာ ဘာလိုဂန် အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ သတ်မှတ် ထားတယ်လို့ သိရပါတယ် ၊ လာမယ့် နွေရာသီ ဟာ အာဆင်နယ် အတွက် အတော်လေး အလုပ်များမယ့် အပြောင်းအရွှေ့ကာလ ဖြစ်မှာ ဖြစ်ပြီး ဘာလိုဂန် ကို ရောင်းချလို့ရတဲ့ ငွေကြေး ပမာဏ က အသင်းအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments