Saturday, September 13, 2025
spot_img
spot_img

ဘာပေကို ဂရုစိုက်ဖို့ အကြံပေးလိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ရီးရဲလ်ဂန္ထဝင်ဟောင်း ရော်နယ်ဒိုက ဘာပေကို ဂရုစိုက်ကြဖို့ အသင်းဟောင်းပရိသတ်တွေ နဲ့ အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ ပြင်သစ်သားဟာ ရီးရဲလ်အသင်းမှာ နောက်ထပ်စတားတစ်ဦးဖြစ်လာနိုင်ဖို့ အလားအလာများနေပါတယ်။ ဘာပေအနေနဲ့ ရီးရဲလ်မှာ တိုက်စစ်နေရာပြောင်းကစားနေရပြီး ဗင်နီရှိနေတာကြောင့် သူအားသားတဲ့တောင်ပံနေရာက ကစားရဖွယ်မရှိတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်သားဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၈ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့် အထောင်တိုက်စစ်နေရာမှာ အထိုင်ကျဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဘာပေတစ်ယောက် တိုက်စစ်နေရာမှာ အထိုင်ကျအောင် အခုလိုမျိုးပြောကြားခဲ့ပါတယ်။ “သူ့ကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ကျွန်တော် ရီးရဲလ်ပရိသတ်တွေကို ပြောချင်ပါတယ်။ ကောင်လေးကို ဂရုစိုက်ပါ။ ဘာပေက အရမ်းကောင်းပါတယ်။ ရီးရဲလ်အသင်းက သူ့ကိုကူညီဖို့ လိုအပ်သလို ကာကွယ်ဖို့လည်းလိုအပ်ပါတယ်။

ဘာပေအနေနဲ့ ရီးရဲလ်ပရိသတ်တွေကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်မျိုးယူဆောင်လာမယ်ဆိုတာကို ကျွန်တော် သံသယမရှိပါဘူး။ ကျွန်တော် သူ့ကိုအများကြီးချစ်ပါတယ်။ သူက ငယ်ရွယ်ချိန်က ရော်နယ်ဒိုကို အများကြီးချစ်ကြောင်း နဲ့ သူအားကျရတဲ့ကစားသမားဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကိုကစားသမားကောင်းတစ်ဦးအနေနဲ့ မြင်ပါတယ်။

Former Real Madrid legend Ronaldo has urged former club fans and club officials to take care of Mbappe.

သူက ရီးရဲလ်အသင်းထံ ပျော်ရွှင်မှုတွေယူဆောင်လာပေးမယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ သူ့အတွက် တိုက်စစ်နေရာက ခက်ခဲတယ်ဆိုတာ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ သူတိုက်စစ်မှူးအနေနဲ့ ဘယ်လိုကစားရလဲဆိုတာကို မသိသေးပါဘူး။ အဲ့တာက သူ့နေရာမဟုတ်တာကြောင့် သူမသိတာပါ။ ကျွန်တော် ရီးရဲလ်မှာရှိနေရင် သူ့ကို တိုက်စစ်မှူးအဖြစ် ကူညီပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း တိုက်စစ်မှူးမဟုတ်တာကြောင့်ပါ။

ကျွန်တော် တိုက်စစ်မှူးအဖြစ် အသားကျအောင်ကစားခဲ့ရပါတယ်။ တောင်ပံမှာကစားနေကြဖြစ်ပေမယ့် လူတွေကို မေ့ပစ်လိုက်ပါတယ်။ အမ်ဘာပေကလည်း တကယ့်တိုက်စစ်မှူးစစ်မဟုတ်ပါဘူး။ ကျွန်တော် သူ့ကိုခရစ္စတီယာနိုလို နည်းနည်းကစားပြီး ရော်နယ်ဒိုကြီးလို တိုက်စစ်မှူးဖြစ်စေချင်ပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ဘာပေအနေနဲ့ မက်ဒရစ်မှာ အောင်မြင်မှုတွေယူဆောင်နိုင်ဖို့ လုပ်ဆောင်နေပြီး ရော်နယ်ဒိုကလည်း ဆော်ဒီမြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေဆဲဖြစ်ပါတယ်။ အယ်လ်နာဆာကိုမပြောင်းခင် ရော်နယ်ဒိုဟာ ရီးရဲလ်အသင်းကစားသမားဘ၀ ၄၃၈ ပွဲပါဝင်ကစားခဲ့ကာ ၄၅၀ ဂိုးသွင်းယူပြီး လာလီဂါ ၂ ကြိမ် ၊ ချန်ပီယံလိဂ် ၄ ကြိမ် နဲ့ ဘော်လွန်းဒီအော်ဆု ၅ ကြိမ်ထဲက ၄ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments