Wednesday, November 5, 2025
spot_img
spot_img

ဘာပေကို ခေါ်ယူရန် ချဲလ်ဆီးနှင့် မန်ယူတို့ အပြိုင်လှုပ်ရှားမည်

၂၀၂၄ နောက်ပိုင်းတွင် ပီအက်စ်ဂျီအသင်း၌ ဆက်နေတော့မည်မဟုတ်ဘဲ စာချုပ်သက်တမ်းကိုလည်း ထပ်မံတိုးတော့မည်မဟုတ်ကြောင်း ဘာပေက ပြောဆိုလိုက်ပြီးနောက် ပရီးမီးယားလိဂ်တွင် ငွေသုံးကြမ်းနေသော ချဲလ်ဆီးအသင်းသည် ဘာပေကို စတမ်းဖို့ဒ်ဘရစ်ချ်သို့ ခေါ်ရန် စိတ်ဝင်စားလာသည်။

မန်ယူအသင်းသည်လည်း ဘာပေကို စိတ်ဝင်စားနေပြီး အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပါက ပြင်သစ်တိုက်စစ်မှူးကို အရခေါ်ယူနိုင်ရန် ကြိုးစားသွားဖွယ်ရှိနေသည်။ မန်ယူအသင်းကို ကာတာသူဌေး ရှိတ်ဂျက်ဆင်အယ်လ်သာနီက ပေါင် ၅ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားပြီး အဆိုပါကမ်းလှမ်းမှုမှာ အောင်မြင်ရန်နီးစပ်နေသည်။ မန်ယူပိုင်ရှင်အပြောင်းအလဲကို လာမည့်ရက်ပိုင်းအတွင်းကြေညာသွားဖွယ်ရှိကြောင်းလည်း သတင်းများထွက်ပေါ်လာနေသည်။

ပီအက်စ်ဂျီသည် ၂၀၂၄ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော ဘာပေကို လာမည့်နှစ်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမည့်အစား ယခုနှစ်နွေရာသီအပြောင်းအရွှေ့တွင် ရောင်းထုတ်သွားရန် ရှိနေသည်။

တော့ဒ်ဘိုလီသည် ဘာပေကို ချဲလ်ဆီးအသင်းသို့ အရခေါ်ယူနိုင်ရေးအတွက် အပြောင်းအရွှေ့ကာလစတင်သည်နှင့် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments