Wednesday, October 29, 2025
spot_img
spot_img

ဘာနေဗျူးတွင်ကစားမည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့တွင် အခွင့်အရေးများ ဖန်တီးနိုင်မည်ဟု ဘိုင်ယန်နည်းပြ တူဟယ်လ် ယုံကြည်

ဘိုင်ယန်မြူးနစ်အသင်းနည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ရီးယဲလ်မက်ဒရစ်နှင့် (၂)ဂိုးစီ သရေကျခဲ့သည့်ပွဲအပြီးတွင် ဘာနေဗျူး၌ သွားရောက်ကစားရမည့် ဒုတိယအကျော့တွင် အခွင့်အရေးများ ဖန်တီးနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

“အရေးအကြီးဆုံးအရာက အဆင့်(၄)ဆင့်ရှိပါတယ်။ ကျွန်တော်တို့ နှစ်ဆင့် ဖြတ်သန်းပြီးပါပြီ။ နောက်ထပ်(၂) ဆင့် ကျန်ပါသေးတယ်။ ဘာနေဗျူးမှာ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်မှာပါ။ ဒီပွဲက အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရမှာပါ။ ဒီရလဒ်ကို မေ့ထားပြီး Clean Sheet အနေအထားနဲ့ စတင်ရမှာဖြစ်တယ်။  ကျွန်တော်တို့ အနိုင်ရနိုင်ပြီး ဒီသဘောထားက အခြေအနေကောင်းနိုင်ပါတယ်။ ကျွန်တော်တို့ ရဲရင့်ဖို့လိုပြီး အလွန်အာရုံစိုက်ရမှာဖြစ်ပါတယ်”ဟု တူဟယ်လ်က ပြောကြား ခဲ့သည်။ 

တူဟယ်လ်သည် နည်းပြဘဝ ရီးယဲလ်မက်ဒရစ် နှင့်တွေ့ဆုံမှုများတွင် တစ်ပွဲသာ အရေးနိမ့်ခဲ့ပြီး သုံးပွဲနိုင်၊ လေးပွဲသရေမှတ်တမ်း ရရှိထားခဲ့သည်။ ပထမအကျော့ ပွဲစဉ်အပြီးတွင် ကင်မင်ဂျေး၏အမှားများမှတစ်ဆင့် နှစ်ဂိုး ပေးခဲ့ရသည်ကို နည်းပြ တူဟယ်လ်က ပြစ်တင်ဝေဖန်ခဲ့သည်။ 

တူဟယ်လ်က ပွဲမတိုင်မီ နာဘရီ ဂိုးသွင်းယူမည်ဟု ပြောကြားခဲ့မှုကိုလည်း ဖြေရှင်းချက် ပြန်ပေးခဲ့သည်။ “အခုမှ ပထမပိုင်းပဲ ရှိပါသေးတယ်။ သူ ဂိုးသွင်းပါလိမ့်မယ်။ ဘာနေဗျူးမှာ ကျွန်တော်တို့ ဒုတိယပိုင်း ကစားဖို့ ကျန်သေးပြီး သူ ဂိုးသွင်းမှာပါ”ဟု  တုံ့ပြန်ခဲ့သည်။ ထို့ပြင် တူဟယ်လ်က ပထမအကျော့ပွဲစဉ်တွင် မိမိတို့အနေဖြင့် တတိယဂိုးသွင်းနိုင်ခဲ့သင့်ကြောင်း၊  တတိယဂိုး သွင်းယူနိုင်ရန် လုံလောက်သည့်အခွင့်အရေးများ ရခဲ့သော်လည်း အမှားအချို့ ကျူးလွန်ခဲ့မိကြောင်းလည်း ဝန်ခံခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments