Thursday, March 12, 2026
spot_img
spot_img

ဘာစီလိုနာရဲ့ကစားပုံ ဆိုးရွားနေပေမယ့် ဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုအပြည့်အ၀ရထားတဲ့ ဟန်စီဖလစ်

ဘာစီလိုနာဟာ ရာသီအစပိုင်းကတည်းက ပထမဆုံးအကြိမ်အဖြစ် လာလီဂါတွင် ထိပ်တန်းနေရာမှ ဖယ်ပေးထားရတာဖြစ်ပါတဘ်။ စနေနေ့က အိမ်ကွင်းတွင် အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားတွင် ကျော်တက်ခြင်းခံခဲ့ရသလို ဆီမြွန်နီရဲ့အသင်းက ၁ ပွဲလျော့ ကစားထားတာဖြစ်ပါတယ်။

တစ်ချိန်က ဘာစီလိုနာက ထိပ်ဆုံးမှာ ၉ မှတ်ဖြတ်ထားခဲ့ပေမယ့် ၇ ပွဲဆက်အနိုင်ပြီးချိန်မှာတော့ ကျော်တက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘာစီလိုနာအတွက် ၂၀၂၄ ခုနှစ်ဟာ မယုံနိုင်လောက်အောင် စိတ်ပျက်စရာကောင်းတဲ့အဆုံးသတ်ဖြစ်ခဲ့ပေမဲ့ အခုလောလောဆယ်မှာတော့ နည်းပြအပေါ် ဖိအားမရှိသေးတာဖြစ်ပါတယ်။

Sport ရဲ့ အဆိုအရ ဖလစ်ဟာ သူ့ရဲ့ ရာသီအစမှာ မယုံနိုင်လောက်အောင်ကောင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘဏ်မှာ အကြွေးများစွာရှိနေတဲ့ ဘာစီလိုနာဘုတ်အဖွဲ့ရဲ့ ကျောထောက်နောက်ခံကို အပြည့်အဝရရှိထားပါတယ်။သို့သော်လည်း ဆောင်းရာသီအားလပ်ချိန် အပြီးတွင် ဖိအားများ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဘာစီလိုနာဟာ စပိန်စူပါဖလားတွင် ရာသီရဲ့ ပထမဆုံးသော ဆုဖလားကို မဆွတ်ခူးမီ ကိုပါဒဲရေးတွင် ဘာဘာစထရိုနှင့် ကစားရမှာဖြစ်ပါတယ်။ ထိုဆုဖလားကို ရရှိခြင်းဟာ ဖလစ်အတွက် ကြီးမားတဲ့အရာဖြစ်မှာပါ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments