Monday, October 27, 2025
spot_img
spot_img

ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ အဝတ်လဲခန်းထဲက တီဗီကိုရိုက်ခွဲခဲ့တဲ့ အာမိုရင်

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရိုက်တန်ကို ၁-၃ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးမှာတော့ မန်ချက်စတာယူနိုက်တက်နည်းပြချုပ် ရူဘင်အာမိုရင်ဟာ အသင်းရဲ့အဝတ်လဲခန်းထဲက တီဗီကိုရိုက်ခွဲခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ဟာ အတော်လေးစိတ်ပျက်စရာကောင်းခဲ့ပြီး ပင်နယ်တီကြောင့်သာ ဂိုးရခဲ့တာကြောင့် အာမိုရင်တစ်ယောက် အတော်လေးဒေါသအိုးပေါက်ကွဲခဲ့ပုံရပါတယ်။ ဒါကြောင့် ပေါ်တူဂီသားနည်းပြဟာ အသင်းရဲ့ကစားသမားတွေအပေါ် စိတ်ပျက်ခဲ့ပြီး ဒေါသကို အဝတ်လဲခန်းထဲက တီဗီအပေါ်မှာ ပုံချခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကိုရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာကိုကျဆင်းသွားခဲ့ပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ အာမိုရင်ရဲ့အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာရရှိခဲ့တဲ့အထိလည်း အခြေအနေဆိုးဝါးနေတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ အာမိုရင်ကိုယ်တိုင်ကလည်း လက်ရှိယူနိုက်တက်ဟာ ကလပ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးအသင်းဖြစ်တယ်လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။ အာမိုရင်ပြောသလိုပဲ လက်ရှိယူနိုက်တက်ရဲ့အခြေအနေဟာ ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း ဒေးဗစ်မိုယက်စ်၊ လူးဝစ်ဗန်ဟားလ်၊ အိုလီဂန်နာဆိုးလ်ရှား၊ အဲရစ်တန်ဟတ်နဲ့ ဟိုဆေးမော်ရင်ဟိုတို့လက်ထက်ကလောက်တောင် ရလဒ်ပိုင်းရော စွမ်းဆောင်ရည်ပိုင်းမှာပါ နိမ့်ကျနေတာဖြစ်ပါတယ်။

အာမိုရင်ကိုယ်တိုင်ကလည်း အခုလိုဒေါသအိုးပေါက်ကွဲနေတာကြောင့် အသင်းရဲ့အခြေအနေဟာ အတော်လေးဆိုးဝါးနေကြောင်း သိသာစေခဲ့ပါတယ်။ လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရိန်းဂျားစ်ရဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက်ထပ် တီဗီတစ်လုံးထပ်မကွဲစေဖို့ ရလဒ်ကောင်းကို မဖြစ်မနေဖန်တီးသွားဖို့လိုအပ်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments