Wednesday, October 29, 2025
spot_img
spot_img

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒို၏ ဘောလုံးသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားများရွေးချယ်မှုတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒို အံ့အားသင့်ဖွယ်မပါဝင်

ဘရာဇီးလ်ဂန္ထဝင်တိုက်စစ်မှူးဖြစ်သူ ရော်နယ်လ်ဒိုက ဘောလုံးသမိုင်းကြောင်းတစ်လျှောက် အကြီးကျယ်ဆုံးကစားသမားများကို ရွေးချယ်ခဲ့ပြီး ယင်းစာရင်းတွင် ပေါ်တူဂီနာမည်ကျော်တိုက်စစ်မှူး စီရော်နယ်လ်ဒို ပါဝင်လာခြင်းမရှိကြောင်း သိရသည်။

ရော်နယ်လ်ဒိုသည် သူ၏မှတ်တမ်းရုပ်ရှင်ဖြစ်သော “The Phenpmenon” မိတ်ဆက်မှုအဖြစ် The Guardian သတင်းစာ နှင့်တွေ့ဆုံမှုတွင် ယင်းသို့ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Guardian က မက်ဆီနှင့် မာရာဒိုနာတွင် မည်သူက ပိုပြီးကြီးကျယ်ခမ်းနားသည့် ကစားသမားဖြစ်သနည်းဟု မေးမြန်းမှုတွင် ရော်နယ်လ်ဒိုက တစ်ဦတည်းကိုရွေးချယ်ရန် ငြင်းဆန်ခဲ့ပြီး သူ့စိတ်ကြိုက် အကြီးကျယ်ဆုံးကစားသမား စာရင်းကို ချပြခဲ့သည်။ 

“ဒီမေးခွန်းက တရားမျှတမှု မရှိပါဘူး။ ကျွန်တော့်အမြင်တော့ မာရာဒိုနာ၊ မက်ဆီ၊ ယိုဟန်ခရိုက်ဖ်၊ ဖရန့်ဘက်ကင်ဘောင်ဝါ၊ ပီလီ၊ ရော်နယ်လ်ဒင်ဟို၊ ဗန်ဘက်စတန်တို့နဲ့ အရမ်းအရမ်းကောင်းတဲ့ အုပ်စုတစ်ခုရှိခဲ့ပါတယ်။ ဒီအထဲမှာ ကျွန်တော် ကိုယ်တိုင်လည်း ပါဝင်ကောင်းပါဝင်လိမ့်မယ်။  ပရိသတ်အနေနဲ့ ပြောရရင် သူတို့နဲ့ပတ်သက်ပြီး အငြင်းအခုံလုပ်လို့ရပါတယ်။ ဒါပေမဲ့ သူတို့ကို အဆင့်သတ်မှတ်လို့ မရသလို၊ မျိုးဆက်တွေကိုလည်း နှိုင်းယှဉ်လို့ မရပါဘူး”ဟု ရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ 

ထို့ပြင် စီရော်နယ်လ်ဒိုနှင့်ပတ်သက်ပြီး ရော်နယ်လ်ဒို က “လူတွေက ကျွန်တော့်ကို မူလရော်နယ်လ်ဒိုလို့ ခေါ်ကြတယ်။ အခြားသူတွေလည်း ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ မမှားပါဘူး။ ကျွန်တော်တစ်ဦးတည်း မဟုတ်သလို၊ အရာရာတိုင်းမှာ ကျွန်တော့်ထက်ကောင်းတဲ့သူတွေလည်း ထွက်ပေါ်လာဦးမှာပါ”ဟုသာ မှတ်ချက်ပြုခဲ့သည်။ 

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်သူ ရော်နယ်လ်ဒိုသည် ၂၀၁၁ ခုနှစ်တွင် အနားမယူမီ ဆယ်စုနှစ်နှစ်ခုနီးပါး ကြာမြင့်ခဲ့သည့် သူ၏ကစားသမားသက်တမ်းအတွင်း ပြိုင်ပွဲစုံ ၅၁၈ ပွဲကစားကာ ၃၅၂ ဂိုးအထိ သွင်းယူပေးခဲ့သည်။ ထို့ပြင် ရော်နယ်လ်ဒိုက သူ၏ တစ်နိုင်ငံတည်းသားဖြစ်သူ နေမာအနေဖြင့် ပုဂ္ဂိုလ်ရေးဘဝသည် ကွင်းအတွင်း အခြေအနေအပေါ် လွှမ်းမိုးထားသည်ဟု မှတ်ချက်ပေးခဲ့သည်။ 

“လူတွေက သူ့(နေမာ)ကို အတော် လေးချစ်ကြတယ်။ ကျွန်တော်တို့ ဘောလုံးအကြောင်းပဲ သီးသန့်ပြောမယ့်ဆိုရင် တချို့တလေက သူ့ကို မကြိုက်နှစ်သက်ဘူးလို့ သံသယ ရှိပါတယ်။ သူ့ရဲ့ကိုယ်ပိုင်ဘဝက ဘောလုံးကို ကျော်လွန်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် စိတ်မဝင်စားပါဘူး။ သူက ရဲဝံ့တယ်၊ ဘောလုံး စွမ်းရည်ရှိတယ်၊ လျင်မြန်တယ်၊ ဂိုးတွေသွင်းနိုင်တယ်။ မက်ဆီနဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို နှိုင်းယှဉ်နိုင်ပါတယ်။ သူတို့က မတူညီတဲ့  ဂြိုဟ်တစ်ခုဆီကနေ လာပေမယ့်လည်းပေါ့။ ကွင်းထဲမှာ နေမာကလည်း အခြားတစ်နေရာကသူပါ။ ပြီးတော့ တခြားအရာအားလုံးကို ရောနှောပစ်လိုက်ပါတယ်”ဟု ရော်နယ်လ်ဒို က ပြောကြားခဲ့သည်။ ရော်နယ်လ်ဒိုသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် အာဂျင်တီးနားအခွင့်အရေးကိုလည်း ဆွေးနွေးခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments