Wednesday, October 29, 2025
spot_img
spot_img

ဘက်ဆစ်တက်နည်းပြဘဝ ပွဲဦးထွက်မှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့တဲ့ ဆိုးလ်ရှား

တူရကီကလပ် ဘက်ဆစ်တက်နဲ့လက်တွဲပြီး နည်းပြလောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့တဲ့ အိုလီဂန်နာဆိုးရှားဟာ ပွဲဦးထွက်မှာပဲ ဘီလ်ဘာအိုကို ၄-၁ နဲ့အနိုင်ယူပြီး အသင်းသစ်အတွက် ဂိုးပြတ်နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

ဘက်ဆစ်တက်ကိုစတင်ကိုင်တွယ်ပြီဖြစ်ကြောင်း ကြေညာပြီး ၁ ရက်အကြာမှာ ဆိုးလ်ရှားအနေနဲ့ အသင်းသစ်အတွက် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စပိန်ကလပ် ဘီလ်ဘာအိုနဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲစဉ်မတိုင်မီ ဘက်ဆစ်တက်ဟာ ယူရိုပါလိဂ်မှာ ၆ ပွဲကစား ၄ ပွဲအထိရှုံးနိမ့်ထားတာကြောင့် စိတ်ပျက်စရာအခြေအနေမှာရှိနေခဲ့သော်လည်း ယခုအခါမှာတော့ နော်ဝေးသားရဲ့ဦးဆောင်မှုနဲ့အတူ နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

Solskjaer kicked off the new club season with a 4-1 win.

ဘက်ဆစ်တက်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၇ မိနစ်မှာ ရာရှီကာက စတင်သွင်းယူပေးခဲ့ပြီး ပထမပိုင်းပြီးကာနီးမှာပဲ ဂိုမက်ဇ်က ဘီလ်ဘာအိုအတွက် ပြန်လည်ချေပခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားရဲ့ပွဲဦးထွက်ကို အဖွင့်လှစေဖို့ ရာရှီကာ၊ ဆေးလ်ဗားနဲ့ မာရီယိုတို့က ဂိုးတွေထပ်မံသွင်းယူပေးခဲ့တာကြောင့် ဘက်ဆစ်တက်တို့အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကိုစတင်ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်အသင်းအတွက် ပွဲပေါင်း ၁၅၀ နီးပါး တာဝန်ယူဆောင်ရွက်ခဲ့ပေမယ့် ဆုဖလားတော့ဆွတ်ခူးပေးနိုင်ခဲ့ခြင်းမရှိပါဘူး။ သို့သော်လည်း နော်ဝေးသားလက်ထက် ၂၀၂၀-၂၁ ရာသီအတွင်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲအထိတက်ရောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ယူရိုပါလိဂ်မှာ အတွေ့အကြုံရှိနေတဲ့ ဆိုးလ်ရှားတစ်ယောက် ဘက်ဆစ်တက်ကိုလည်း ဘယ်အဆင့်ထိပို့ဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာတော့ တူရကီစူပါလိဂ်ပွဲစဉ်အဖြစ် အန်တယ်ယာစပေါ်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments