မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ် ရက်ဖိုဒ့် ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ခါရာဘောင် ဖလား ဗိုလ်လုပွဲ ကို ဝင်ရောက် ကစားဖို့ လုံလောက်မှု ရှိနေ မနေ ဆိုတာ သေချာမပြော နိုင်သေးဘဲ ဆေးအဖွဲ့ရဲ့ စစ်ဆေးမှု ရလဒ်ကို စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ နည်းပြ အဲရစ်တန်ဟတ် က ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

အန်တိုနီ မာစီရယ် ကတော့ နယူးကာဆယ် နဲ့ ရင်ဆိုင် ရမယ့် ဗိုလ်လုပွဲ ကို လွဲချော်မယ်လို့ တန်ဟတ် က အတည်ပြုခဲ့ ပါတယ် ။

ချဲလ်ဆီး ကို အငှားလာ ကစားနေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးလေး ဂျာအို ဖိလစ် က လန်ဒန် ကလပ်မှာ ကစားရတာဟာ အသက်လက်တီကို မက်ဒရစ် မှာ ကစားရတာထက် ပိုပြီး လုပ်ပိုင်ခွင့် ရရှိကြောင်း ၊ ပိုပြီး လွတ်လွတ် လပ်လပ် ကစားနိုင်ကြောင်း နဲ့ ချဲလ်ဆီးမှာ ကစားရတာကို နှစ်သက် သဘောကျမိကြောင်း ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။
ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဘိုင်ယန်မြုးနစ် တိုက်စစ်မှူး ဆာဒီယို မာနေး ဟာ အခု အပတ်မှာ ကစားမယ့် ယူနီယံ ဘာလင် နဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ် ကို ပါဝင် နိုင်ဖို့ အလားအလာကောင်းနေတယ်လို့ သိရှိရ ပါတယ် ။
နယူးကာဆယ် အသင်းက ခေါ်ယူဖို့ ယူရို သန်း ၂၀ နဲ့ ကမ်းလှမ်း ဖူးတဲ့ ဘရာဇီး လူငယ် ကြယ်ပွင့်လေး မက်သီးယပ်စ် ဖရန်ကာ ဟာ ဖလာမင်ဂို အသင်းနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို သွားခဲ့ ပါတယ် ။ စာချုပ်သစ် ချုပ်ဆို အပြီးမှာတော့ လူငယ်လေး ရဲ့ စာချုပ် ဖျက်သိမ်းကြေး ဟာ ယူရို သန်း ၂၀၀ အထိ ရောက်ရှိ သွားပါပြီ ။
ဂရိစ် ကလပ် အိုလံပီယာကော့စ် နဲ့ စာချုပ် ဖျက်သိမ်း လမ်းခွဲ လာတဲ့ ဘရာဇီး ဝါရင့် နောက်ခံလူ မာဆယ်လို ကတော့ သူ့ရဲ့ ငယ်ဘ၀ ကလပ် ဖလူမင်နီးစ် အသင်းထံ ပြန်လည် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။
ဘိုလော့ညာ အသင်းကို ကိုင်တွယ် နေတဲ့ PSG ကွင်းလယ်လူဟောင်း သီယာဂို မော့တာ က သူ့အနေနဲ့ လက်ရှိ အလုပ် အပေါ်သာ အာရုံစိုက် ထားပြီး PSG က ကိစ္စတွေ အပေါ် မှတ်ချက်မပေးလို ပါဘူးလို့ ငြင်းဆန်သွားခဲ့ ပါတယ် ။
အင်တာမိုင်ယာမီ အသင်း နည်းပြ ဖိလစ် နဗီးလ် က သူတို့ဟာ ဘာစီလိုနာ ဝါရင့်ကြီး ဆာဂျီယို ဘက်စကွက် နဲ့ လီယွန်နယ် မက်ဆီ တို့ကို ခေါ်ယူ ပေါင်းစည်းဖို့ စိတ်ကူး ရှိနေကြောင်း ဖွင့်ဟဝန်ခံ သွားခဲ့ ပါတယ် ။
လိဒ်ယူနိုက်တက် အသင်းဟာ နည်းပြ ဂျာဗီ ဂါစီယာ အတွက် ဗီဆာ ရရှိအောင် လုပ်ဆောင် နိုင်ခဲ့ပြီ ဖြစ်တာကြောင့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ နည်းပြသစ် ကို စတင်မြင်တွေ့ ရတော့မှာ ဖြစ်ပါတယ် ။
နယူးကာဆယ် အသင်းကတော့ အခု ရာသီမှာ ခြေစွမ်းပြ နေတဲ့ ကွင်းလယ်လူ မီဂွယ် အယ်မီရွန် ကို ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်းတိုး ချုပ်ဆို သွားခဲ့ ပါတယ် ။
အာဆင်နယ် နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ဟာ FA Cup ပွဲစဉ်တုန်းက အချင်းများမှု အတွက် FA ရဲ့ ဒဏ်တပ်မှုကို ခံခဲ့ရပြီး အာဆင်နယ် က ပေါင် ၆၅၀၀၀ ၊ မန်စီးတီး က ပေါင် ၇၅၀၀၀ အသီးသီး ပေးဆောင်ရမှာ ဖြစ်ပါတယ် ။
ဆော်ဒီ အာရေဗျမှာ ကစားနေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို ဟာ မနက်ဖြန် ညမှာ ယှဉ်ပြိုင် ထိုးသတ်မယ့် ဂျိတ်ပေါလ် နဲ့ တွန်မီ ဖျူရိ တို့ရဲ့ ပွဲကို လာရောက် ကြည့်ရှုမယ်လို့ သတင်း ကြားသိရ ပါတယ် ။
ဘရာဇီး ဘောလုံး အကျော်အမော်ဟောင်းကြီး ရော်နယ်ဒင်ညို ဟာ ဂျရတ် ပီကေး တည်ထောင် ထားတဲ့ Kings League မှာ လာရောက် ကစားဖို့ လက်ခံလိုက်ပြီ ဖြစ်ပါတယ် ။
တသင်းကို ၇ ယောက်ပါဝင် ကစားရတဲ့ ဒီပြိုင်ပွဲဟာ ပီကေး ထူထောင်ထားတာ ဖြစ်ပြီး အဂွေရို ၊ ဂျာဗီယာ ဟာနန်ဒက်ဇ် ၊ ကာဆီးလက် တို့လို ကစားသမားဟောင်းတွေ ဝင်ရောက် ကစားနေတဲ့ နေရာလည်း ဖြစ်ပါတယ် ။ ရီးရဲ ကွင်းလယ်လူဟောင်း အစ္စကို ကိုလည်း ဖိတ်ခေါ်ခဲ့ ပေမယ့် စပိန်သားက ငြင်းဆန်ခဲ့ ပါတယ် ။






