Wednesday, March 4, 2026
spot_img
spot_img

ဗလန်စီယာနဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ရီးရဲလ်ပရိသတ်တွေကို ကျေးဇူးတင်ခဲ့တဲ့ ဘယ်လင်ဟမ်

ဗလန်စီယာအသင်းကို ၂-၁ နဲ့အနိုင်ရပြီးနောက် ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်က အသင်းပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်ပါတယ်။

ရီးရဲလ်အသင်းဟာ ဘယ်လင်ဟမ်ရဲ့နောက်ကျသွင်းဂိုးနဲ့ ၂၀၂၅ ကို နိုင်ပွဲနဲ့စတင်နိုင်ခဲ့ပါတယ်။ ဘယ်လင်ဟမ်ရဲ့ပင်နယ်တီကန်ချက် တိုင်ထိထွက်ခဲ့သလို ဗင်နီဆီးယက်စ်လည်း အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ ၁ ယောက်လျော့သွားခဲ့တဲ့အပြင် ဘယ်လင်ဟမ်ရဲ့ပင်နယ်တီကလည်း တိုင်ထိထွက်ခဲ့တာကြောင့် ရီးရဲလ်အသင်းဟာ အမှတ်လျော့ဖို့နီးစပ်ခဲ့တာဖြစ်ပါတယ်။

Bellingham thanks Real Madrid fans after missing penalty against Valencia

ဒါပေမယ့်လည်း ပွဲကိုပြန်လည်ပြောင်းလဲနိုင်ခဲ့ပြီး မိုဒရစ် နဲ့ ဘယ်လင်ဟမ်တို့ကြောင့် ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပါတယ်။ ပင်နယ်တီလွဲချော်ခဲ့ပေမယ့် ဘယ်လင်ဟမ်က အဆိုပါလွဲချော်မှုဟာ နောာက်ကျသွင်းဂိုးအတွက် ခွန်အားတစ်ရပ်ဖြစ်စေခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“တကယ့်ကိုရူးသွပ်ဖွယ်ပွဲတစ်ပွဲပါ။ နောက်ကျဂိုးအတွက် ကျွန်တော် အသင်း နဲ့ ပရိသတ်တွေကို ကျေးဇူးတင်ချင်ပါတယ်။ အဲ့တာက အသင်းတွန်းအားအတွက် ခက်ခဲစေခဲ့ပါတယ်။ ပြီးတော့ ပင်နယ်တီလွဲချော်ခဲ့တာကလည်း ပိုခက်ခဲစေခဲ့ပါတယ်။ ကျွန်တော် အသင်းကို စိတ်ခွန်အားကျစေခဲ့တယ်လို့ ခံစားရသလို ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဒေါသထွက်မိပါတယ်။ ကျွန်တော် အာရုံစိုက်ခဲ့တာကြောင့် အခုလိုရလဒ်ထွက်လာခဲ့တာပါ။

ပင်နယ်တီလွဲချော်တာတွေ အနီကတ်တွေက ပွဲတွေမှာဖြစ်ပျက်တတ်ပါတယ်”လို့ ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments