မန်ချက်စတာယူနိုက်တက်ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလာပြီး ၁ နှစ်ကျော်ကြာ ဘောလုံးလောကနဲ့ ဝေးကွာခဲ့ပြီးနောက် ယခုအခါမှာတော့ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားနဲ့ ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။
အသက်-၃၃ နှစ်အရွယ်ဂိုးသမားဟာ ယူနိုက်တက်မှာ ၁၂ နှစ်ကြာကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီက စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ ၅၄၅ ပွဲအထိပါဝင်ကစားပေးခဲ့တဲ့ ဒီဂီယာဟာ အသင်းနဲ့အတူ ၂၀၁၃ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးရရှိခဲ့ပြီး အက်ဖ်အေဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ယူရိုပါလိဂ်ဖလား ၁ ကြိမ်တို့ကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

ဖီအိုရင်တီးနားက ဝါရင့်ဂိုးသမားနဲ့ သောကြာနေ့မှာ လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုကြောင်း အသိပေးခဲ့ပြီး တနင်္လာနေ့မှာတော့ အီတလီမီဒီယာသို့တင်ပြသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အီတလီစီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့တဲ့ ဖီအိုရင်တီးနားဟာ ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲ တတိယအဆင့်အတွက် ပလေးအော့ဖ်ပွဲစဉ်ကစားသွားရဦးမှာဖြစ်ပါတယ်။