Friday, January 16, 2026
spot_img
spot_img

ပွဲဦးထွက်မှာဂိုးသွင်းယူနိုင်ခဲ့တဲ့ ဇက်ခ်ဇီကို ချီးကျူးပြောဆိုလာတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ယနေ့နံနက်က ဖူလ်ဟမ်ကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပွဲဦးထွက်ကစားပြီး အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂျိုရှူးဝါး ဇက်ခ်ဇီကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

ဇက်ခ်ဇီဟာ ပွဲကစားချိန် ၆၁ မိနစ်အရောက်မှ လူစားဝင်လာခဲ့ပြီး ပွဲပြီးဖို့ ၃ မိနစ်အလို ၈၇ မိနစ်မှာ အနိုင်ဂိုးကိုသွင်းယူပြီး တန်ဟက်ရဲ့အသင်းကို ကယ်တင်ခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ တန်ဟက်က “ဂိုးသွင်းတာက တိုက်စစ်မှူးတွေအတွက် အရမ်းအရေးကြီးပြီး သူကလည်း နေရယူမှန်မှန်နဲ့ အဆုံးသတ်နိုင်ခဲ့တာပါ။ သူ့ရဲ့နေရာယူပုံက မှန်ကန်ခဲ့သလို အသင်းကလည်း သူနဲ့ အတိအကျချိတ်ဆက်နိုင်ခဲ့ပါတယ်။ သူနဲ့ တွဲကစားဖို့ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ကွင်းလယ်ကစားသမားတွေရှိပါတယ်။ ပထမဆုံးပွဲဖြစ်ပေမယ့် ကျွန်တော်တို့အတွက် ခွန်အားနဲ့ ယုံကြည်မှုတွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့မှာ တိုးတက်ဖို့လိုအပ်နေတဲ့နေရာတွေရှိနေသေးပေမယ့် ဒါက ပုံမှန်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး တန်ဟက်က လူစားလဲမှုတွေက အလွန်အရေးပါကြောင်းကို “လူစားလဲမှုက အမြဲတမ်းအရေးပါပါတယ်။ အထူးသဖြင့် အခုလိုအဖွင့်ပွဲမှာ လူစားဝင်ကစားသမားက ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပိုပြီး သိသာစေပါတယ်။ အရန်ခုံက ကစားသမားတွေက အဆင်သင့်ဖြစ်နေဖို့လိုအပ်ပါတယ်။ ဖူလ်ဟမ်နဲ့ကစားရတာ အမြဲတမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုက်စစ်မှာရော ခံစစ်မှာပါ ပုံစံကောင်းရှိခဲ့ပါတယ်။ ပွဲအစပိုင်းတွေမှာ ကျွန်တော်တို့ အခွင့်အရေးတွေအများကြီးရခဲ့ပေမယ့် အဆုံးသတ်မသေချာမှုတွေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအကျော်လောက်က ကျွန်တော့်က ပရီးမီးယားလိဂ်ရဲ့ ပေးဂိုးအနည်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ နောက်ခံလူ ၄ ယောက်ကို အကောင်းဆုံးတည်ဆောက်နိုင်မယ်ဆိုရင် ဒီနှစ်မှာလည်း အဲဒီလိုပြန်ဖြစ်လာနိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments