Tuesday, November 11, 2025
spot_img
spot_img

ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့် မောင့်ကို နောက်ဆုံးတစ်ကြိမ် မန်ယူကမ်းလှမ်း

မန်ယူအသင်းသည် ချဲလ်ဆီးအသင်းတိုက်စစ်ကစားသမား မေဆင်မောင့်ကို ခေါ်ယူနိုင်ရေးအတွက် တတိယနှင့်နောက်ဆုံး အကြိမ်အဖြစ်ကမ်းလှမ်းမှုကို ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့်ပြုလုပ်ရန် စီစဉ်နေသည်။ မန်ယူသည် ပြီးခဲ့သည့် ရက်ပိုင်းက မေဆင်မောင့်ကို ပေါင်သန်း ၅၀ ဖြင့်ကမ်းလှမ်းခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။ ချဲလ်ဆီးသည် မောင့်အတွက်ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းခန့်လိုချင်နေသည်။

စာချုပ်သက်တမ်း ၁၂ လသာကျန်ရှိတော့သော ကစားသမားတစ်ဦးအတွက် ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းခန့် သတ်မှတ်ထားသော ချဲလ်ဆီး၏ တန်ဖိုးဖြတ်မှုမှာ များပြားလွန်းနေသည်ဟု တန်းဟက်နှင့် မန်ယူတာဝန်ရှိသူများက ယူဆနေသည်။ မန်ယူက ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းဖြင့်ကမ်းလှမ်းခြင်းကို လက်မခံပါက မောင့်ကို ခေါ်ယူရေးမှ နောက်ဆုတ်သွားဖွယ်ရှိကြောင်း သတင်းများကသုံးသပ်ဖော်ပြသည်။

မောင့်သည့် ၂၀၂၂-၂၃ ဘောလုံးရာသီတွင် ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်ခဲ့ရပြီး ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရသည်။ ချဲလ်ဆီးသည် မောင့်ကို စာချုပ်သက်တမ်းတိုးရေးကြိုးစားခဲ့သော်လည်း မအောင်မြင်ဖြစ်ခဲ့ရပြီးနောက် ယခုကဲ့သို့ ထုတ်ရောင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments