Saturday, October 18, 2025
spot_img
spot_img

ပြိုင်ဖက် ပစ်မှတ် ကွင်းလယ်လူကို ခေါ်ယူသင့်ကြောင်း ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဒွိုက်ယော့ခ်

ယူနိုက်တက် တိုက်စစ်မှူးဟောင်းဖြစ်သူ ဒွိုက်ယော့ခ် က အသင်းဟောင်းကို ရာသီသစ်မှာ ပိုမိုတောင့်တင်းတဲ့ ကွင်းလယ်ပိုင်း ပိုင်ဆိုင်စေဖို့အတွက် မွိုက်စ် ကိုင်စီဒိုကို ခေါ်ယူဖို့ ကြိုးစားသင့်ပြီ ဖြစ်ကြောင်း သတိပေးတိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

အသက် 21 နှစ်သာ ရှိနေသေးတဲ့ ဘရိုက်တန် အသင်းရဲ့ ကွင်းလယ်လူ မွိုက်စ် ကိုင်စီဒို ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီး အသင်းက စိတ်ဝင်စားနေခဲ့ပြီး ကစားသမားဖက်ကလည်း လန်ဒန် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင််း ​ပြောကြားခဲ့ပါသေးတယ် ။

ဒါပေမဲ့ ဘရိုက်တန် အသင်းဖက်မှ ကစားသမား ဖြစ်သူ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း 100 သတ်မှတ်လိုက််တာက ချဲလ်ဆီး တို့ကို ရှေ့ဆက်စေဖို့ အခက်အခဲဖြစ်စေခဲ့ပါတယ် ။ အခြားတဖက်မှာတော့ ယူနိုက်တက်တို့က မေဆွန်မောင့်ကို ခေါ်ယူထားခဲ့ပါပြီ ။

ဒါ့အပြင် ဂိုးသမား နေရာအတွက် အင်တာ မီလန် အသင််းမှ အိုနားနား ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေကြပါတယ် ။ ဒါ့အပြင် တိုက်စစ်မှူး နေရာအတွက် ယူနိုက်တက်တို့ဟာ အတ္တလန္တာ မှ ဟော့ဂျ်လန်း ကို ခေါ်ယူဖို့ပါ စိတ်ဝင််စားနေခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ယူနိုက်တက် ဂန္တဝင် ဒွိုက်ယော့ခ် ကတော့ အသင််းဟောင်းဟာ ကွင်းလယ်ပိုင်းမှာ အားနည်းနေသေးတယ်လို့ ယူဆနေခဲ့ပြီး ကာစီမီရို မရှိပါက အခက်အခဲတွေနဲ့ ရင််ဆိုင်ရလိမ့်မယ်လို့ သတိပေးရင်း ကိုင်စီဒို ကို ခေါ်ယူစေချင်တာပဲ ဖြစ်ပါတယ် ။

” ဘောလုံးလောကမှာ ကစားသမားတွေရဲ့ စျေးနှုန်းတွေက ရယ်စရာ ဖြစ်နေခဲ့ရပါပြီ ။ ခေတ်ကိုက ဒီလိုပါပဲလေ ၊ ဒါပေမဲ့ မွိုက်စ် ကိုင်စီဒို က တကယ့် ကစားသမားကောင်း တစ်ယောက်ပါ ။ သူဟာ ဘရိုက်တန် အသင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ ဘောလုံးရာသီ ပိုင်ဆိုင်ခဲ့ပါတယ် ”

” အကယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းက သူ့ကို ခေါ်မယ်ဆို ကျွန်တော် အံ့သြမှာ မဟုတ်ပါဘူး ။ သူတို့ လိုနေတာ ဒီနေရာပဲလေ ။ ကာစီမီရို ဒဏ်ရာရ ၊ ပွဲပယ်ခံရတဲ့အခါ အသင်းဟာ ဘယ်လို ဖြစ်သွားတတ်သလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ကြမှာပါ ”

” ကိုင်စီဒို က အဲ့ဒီလို အရာတွေကို လုပ်ပေးနိုင်ပါတယ် ။ သူဟာ အရွေ့ကောင်းသူ ၊ ရန်လိုစိတ်ရှိသူ ၊ ဘောလုံးလုနိုင်သူ တစ်ဦးပါပဲ ။ ချဲလ်ဆီး အသင်းက သူ့ကို ဒါကြောင့် စိတ်ဝင်စားနေတာ ကျွန်တော် သိပါတယ် ” လို့ ဒွိုက်ယော့ခ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments