Wednesday, October 29, 2025
spot_img
spot_img

ပဲလေ့စ်နဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် လက်ကျန်ရာသီကို လွဲချော်နိုင်ချေများနေတဲ့ မာတီနက်ဇ်

ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲအတွင်း ဒူးဒဏ်ရာရရှိခဲ့ပြီးနောက် လက်ကျန်ရာသီကို မာတီနက်ဇ်တစ်ယောက် လွဲချော်နိုင်ချေများနေပါတယ်။ အာဂျင်တိုင်းသားဟာ ပဲလေ့စ်တောင်ပံစတား အစ္စမေလာဆားလ်နဲ့ ထိခိုက်မိခဲ့ပြီး ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဲ့နောက် ထမ်းစင်နဲ့ကွင်းထဲကနေ ထွက်ခွာခဲ့ရပြီး ငိုကြွေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မန်ချက်စတာညနေခင်းသတင်းဌာနရဲ့အဆိုအရ မာတီနက်ဇ်အနေနဲ့ လက်ကျန် ၂၀၂၄ – ၂၅ ရာသီကို လွဲချော်နိုင်ချေများနေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ လာမယ့် ၂၄ နာရီအတွင်းမှာ မာတီနက်ဇ်အခြေအနေကို စစ်ဆေးမှာဖြစ်ပြီး တိကျတဲ့အဖြေသိရဖို့ လုပ်ဆောင်နေပါတယ်။

အာမိုရင်ကလည်း ပွဲအပြီးမှာ မာတီနက်ဇ်အခြေအနေနဲ့ပတ်သက်ပြီး “မာတီနက်ဇ်အခြေအနေက အရမ်းဆိုးဝါးတဲ့အခြေအနေလို့ ထင်ပါတယ်။ လစ်ချာအတွက်ကော ကျွန်တော်တို့အတွက်ပါ တော်တော်လေးဆိုးဝါးပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူ့အခြေအနေကို သိရမှာပါ။ ဒါပေမယ့် အဲ့တာက တော်တော်လေးဆိုးဝါးတဲ့အခြေအနေလို့ ကျွန်တော်ထင်ပါတယ်။

Lisandro Martinez likely to miss rest of season

အဲ့တာက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ သူက ကစားသမားကောင်းတင်မဟုတ်ပဲ အဝတ်လဲခန်းထဲမှာလည်း ဦးဆောင်နိုင်တဲ့သူမျိုးပါ။ အထူးသဖြင့် အခုအခိုက်အတန့်မှာ ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ အခုချိန်က လစ်ချာကို ကျွန်တော်တို့ ကူညီရမယ့်အချိန်ပါ။ သူ တော်တော်လေးခံစားနေရပြီး ဒဏ်ရာအခြေအနေဆိုးဝါးချိန်မှာ ကစားသမားတိုင်းအတွက် ခက်ခဲပါတယ်။

သူ့အတွက်အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ကျွန်တော်တို့ သူ့ရဲ့ခက်ခဲတဲ့အချိန်တွေကို ကူညီပေးရပါမယ်”လို့ အာမိုရင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ မာတီနက်ဇ်တစ်ယောက် အခုလိုမျိုးပြင်းထန်တဲ့ဒဏ်ရာရတာက ပထမဆုံးအကြိမ်မဟုတ်ပဲ ၂၀၂၂ – ၂၃ ရာသီတုန်းကလည်း ၆ ပတ်လောက်နားခဲ့ရသေးတာဖြစ်ပါတယ်။ အဲ့နောက် အရွတ်ကြောဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ မတ်လအထိ ၈ ပတ်လောက်နားခဲ့ရတာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments