Wednesday, October 22, 2025
spot_img
spot_img

ပေါ်တူဂီအသင်း အနိုင်ဂိုးသွင်းယူပြီးနောက် ချက်ဂိုးသမားကို လှောင်ပြောင်အောင်ပွဲခံခဲ့သည့် စီရော်နယ်လ်ဒိုအား ဘောလုံးပရိသတ်အချို့ ဝေဖန်

နာမည်ကျော် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ချက်အသင်းအား အနိုင်ရသည့်ပွဲတွင် ပေါ် တူဂီအသင်း အနိုင်ဂိုးသွင်းယူပြီးနောက် ချက်ဂိုးသမားကို လှောင်ပြောင်အောင်ပွဲခံခဲ့သည့်အပြုအမူကြောင့် လူမှုကွန်ရက်တွင် ဘောလုံးပရိသတ်အချို့၏ဝေဖန်မှုနှင့် ရင်ဆိုင် နေရကြောင်း သိရှိရသည်။

ဇွန်လ (၁၈)ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ အုပ်စုပွဲစဉ် ပေါ်တူဂီ (၂-၁) ချက်ပွဲ၌ ပေါ်တူဂီအသင်းအနေဖြင့် ဘောလုံးပိုင်ဆိုင်မှု (၇၄)ရာခိုင်နှုန်းနှင့် ဂိုးကန်သွင်းမှု (၁၉)ကြိမ်ရှိခဲ့သော်လည်း အနိုင်ရရန်ရုန်းကန်ခဲ့ရသည်။ ပေါ်တူဂီအသင်းသည် အဆိုပါပွဲစဉ်တွင် ချက်အသင်းအား ဦးဆောင်ဂိုးပေးခဲ့ရပြီး နောက်မှလိုက်ကစားခဲ့ရကာ ပွဲပြီးခါနီး သွင်းယူခဲ့သည့် လူစားဝင်ကစားသမား ကွန်စီကာအို၏ သွင်းဂိုးကြောင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပွဲချိန် (၉၀+၂) မိနစ်တွင် ပေါ်တူဂီအသင်းအတွက် ကွန်စီကာအို အနိုင်ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒိုသည် စိတ်ပျက်လက်ပျက်ထိုင်နေသည့် ချက်ဂိုးသမား စတန်နက်ခ်၏ရှေ့တွင် လက်သီးလက်မောင်းတန်းကာ လှောင်ပြောင်အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်း အနိုင်ဂိုးသွင်းယူပြီးနောက် ချက်ကွင်းလယ်ကစားသမား ပီတာဆီဗစ်၏ နားကိုကပ်ကာ တစ်ခုခု အော်ဟစ်ခဲ့ကြောင်းလည်း သိရှိရသည်။ စီရော်နယ်လ်ဒို၏ အဆိုပါအပြုအမူများနှင့် ပတ်သက်ပြီး ဘောလုံးပရိသတ်အချို့က လူမှုကွန်ရက်တွင် ဝေဖန်ပြစ်တင်မှုများ ပြုလုပ်ခဲ့ကြသည်။ ဘောလုံးပရိသတ် တစ်ဦးက “အဆင့်အတန်းမရှိဘူး”ဟု X တွင် ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “အဲဒီလို လုပ်စရာမလိုပါဘူး။ ကြည့်လို့လည်း မကောင်းဘူး”ဟု ရေးသားခဲ့သည်။ ပရိသတ်တစ်ဦးကမူ မက်ဆီနှင့် နှိုင်းယှဉ်ကာ “ဒီလိုအပြုအမူမျိုးကို မက်ဆီဆီမှာ ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး။ ဒါကြောင့်လည်း မက်ဆီက GOAT ဖြစ်နေတာပေါ့”ဟု ရေးသားခဲ့သည်။ အခြားပရိသတ်အချို့ကလည်း “ဒီလိုအပြုအမူတွေကြောင့် စီရော်နယ်လ်ဒိုကို မကြိုက်တာ။ ပြိုင်ဘက်မျက်နှာရှေ့မှာ အောင်ပွဲခံတာ ဘာအဓိပ္ပာယ်ရှိလို့လဲ”၊ “သူက ကစားသမားတွေထဲမှာ အဆိုးဆုံးပဲ”စသည့်ဖြင့် ရေးသားခဲ့ကြသည်။

ပရိသတ်အချို့ကမူ စီရော်နယ်လ်ဒိုဘက်မှ ကာကွယ်မှုများ ပြုလုပ်ခဲ့ကြသည်။ “ပွဲထဲကို စိတ်ရောက်နေပြီး နိုင်လိုစိတ် ပြင်းထန်တာကြောင့် အခုလို ဖြစ်တာနေမှာပါ” ဟု X တွင် ရေးသားခဲ့သည်။ ပေါ်တူဂီအသင်းသည် ချက်အသင်းကို အနိုင်ရခဲ့ခြင်းကြောင့် အုပ်စု (F)ပွဲစဉ် (၁) အပြီးတွင် ရမှတ် (၃)မှတ်ဖြင့် အဆင့် (၂) နေရာ$ ရပ် တည်နိုင်ခဲ့သည်။ ပေါ်တူဂီအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဇွန် (၂၂) ရက်တွင် တူရကီ၊ ဇွန် (၂၇) ရက်တွင် ဂျော်ဂျီယာတို့နှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments