ပေါ်တူဂီတောင်ပံကစားသမား ဂျိုတာ သည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် တစ်လအကြာတွင် အသင်းမှ ပြန်လည်ထွက်ခွာဖွယ်ရှိနေကြောင်း သိရသည်။
ဂျိုတာသည် ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဆဲလ်တစ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် အယ်လ်အစ်တီဟတ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

အသက် ၂၄ နှစ် အရွယ်ရှိ ဂျိုတာသည် အာရပ်ကလပ်ချန်ပီယံများဖလားတွင် လေးပွဲ၌ သုံးပွဲ ပွဲထွက်ခွင့် ရသော်လည်း သွင်းဂိုးမရခဲ့ပြီးနောက် ဆော် ဒီလိဂ်အဖွင့်နှစ်ပွဲဆက် လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရသည်။
အယ်လ်အစ်တီဟတ်အသင်းမှ ဂျိုတာ ပြန်လည်ထွက်ခွာမည့်အကြောင်းကို မသိရသော်လည်း ဆော်ဒီ ဂျာနယ်လစ်တစ်ဦးက အငှားဖြင့်သာ ထွက်ခွာမည်ဟု မှတ်ချက်ပေးခဲ့သည်။
ဂျိုတာသည် အယ်လ်အစ်တီဟတ်အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။






