Monday, October 27, 2025
spot_img
spot_img

ပီအက်စ်ဂျီမှာတုန်းက ဘာပေတစ်ယောက် မက်ဆီကို မနာလိုဖြစ်ခဲ့တယ်လို့ နေမာ အခိုင်အမာဆို

ပီအက်စ်ဂျီစတားဟောင်း နေမာက ဘာပေတစ်ယောက် ပြင်သစ်မြေမှာတုန်းက မက်ဆီကို မနာလိုဖြစ်ခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက နေမာက ပီအက်စ်ဂျီမှာ မက်ဆီမရောက်လာခင်အထိ ဘာပေ နဲ့ မိမိတို့ကြား အဆင်ပြေခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ပြင်သစ်သားဟာ မက်ဆီရောက်လာချိန်မှာ မနာလိုဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ ဘာပေက အဆိုပါမှတ်ချက်နဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်တုံ့ပြန်လာခဲ့ပါတယ်။

အခုချိန်မှာတော့ သူတို့ ၃ ဦးစလုံးဟာ သက်ဆိုင်ရာအသင်းတွေဆီမှာ ကစားနေပြီး ဘာပေတစ်ယောက်တည်း ဥရောပရပ်ဝန်းမှာ ကျန်နေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်သားက နေမာရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး မိမိအနေနဲ့ ဘာမှပြန်လည်တုံ့ပြန်ဖို့ မရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

“နိုးပါ။ အမှန်တရားက သပ်သပ်ရှိပါတယ်။ ကျွန်တော် ဘာမှမပြောလိုပါဘူး။ကျွန်တော် ရီးရဲလ်မှာ အခုလုပ်နေတာတွေကိုပဲ အာရုံစိုက်ထားပါတယ်။ နေမာအပေါ်မှာ ကျွန်တော်လေးစားမှုအများကြီးရှိပါတယ်။ ကျွန်တော် နေမာအကြောင်း အများကြီးပြောနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အပေါင်းလက္ခဏာဆောင်တာကိုပဲပြောပါတယ်။ သူက ဘောလုံးသမိုင်းတစ်လျှောက်ဂန္ထဝင်တွေထဲကတစ်ဦးပါ။ ကျွန်တော်တို့ ပီအက်စ်ဂျီမှာ အတူတူအချိန်ကုန်ဆုံးဖြစ်ပါတယ်။အခုတော့ ကျွန်တော် မက်ဒရစ်မှာပါ။ ကျွန်တော် မက်ဒရစ်မှာ အဆင်ပြေပြေနေချင်ပါတယ်။ နေမာ နဲ့ သူ့မိသားစု ၊ သူငယ်ချင်းတွေ ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ဘာပေက ဖြေကြားခဲ့ပါတယ်။

ဘာပေဟာ လာမယ့်ဗုဒ္ဓဟူးနေ့ ဆဲလ်ဘတ်ဂျ်နဲ့ပွဲမှာ ရီးရဲလ်အတွက် ပါဝင်လာဖွယ်ရှိနေပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ မဖြစ်မနေအနိုင်ကန်ဖို့ လိုအပ်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments