Wednesday, March 4, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

လီဗာပူးလ် – အဲဗာတန် (အင်္ဂါနံနက် မြန်မာစံတော်ချိန် ၂း၃၀ နာရီ)

မာဆေးဆိုက်ဒ်ဒါဘီရဲ့ စိတ်ပျက်စရာအကောင်းဆုံး နှစ်တွေထဲက တစ်နှစ်ဖြစ်မယ်။ ပုံမှန်အတိုင်းဆိုရင်တော့ လီဗာပူးလ် က ဇယားထိပ်ပိုင်းမှာ၊ အဲဗာတန်က ဇယားအလယ်မှာ ရင်ဆိုင်တွေ့ကြတယ်။ အခုကတော့ လီဗာပူးလ်က ဇယားအလယ်ကို ရောက်နေပြီး အဲဗာတန်က ဇယားအောက်ပိုင်းကို ရောက်နေကြတယ်။ လီဗာပူးလ်က ကစားသမားအင်အားသာတာ ငြင်းမရ ဘူး။ ဒါပေမဲ့လက်ရှိ အနေအထားအရဆိုရင်တော့ တစ်ဦးချင်းရော၊ အသင်းလိုက်ပါ သိပ်မကွာသလိုဖြစ်နေတယ်။ အဲဗာတန် ကလည်း နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို အနိုင်ကစားထားပြီး စိတ်ပိုင်းဆိုင်ရာ အားသာတဲ့အနေအထားဖြစ်နေ တယ်။ တစ်ခုရှိတာက အစဉ်အလာပိုင်းပါ။ လီဗာပူးလ်က အိမ်ကွင်းမှာ အဲဗာတန်ကို တော်တော်လေး အလဲထိုးနိုင်တယ်။ ဒီ ပွဲလည်း လီဗာပူးလ် ကပ်နိုင်မယ်ထင်တယ်။ 

■ လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၁၀)ပွဲတွင် (၅)ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ဂိုးမပေးရသည့်ပွဲမှာလည်း (၁)ပွဲသာ ရှိခဲ့သည်။

■ အဲဗာတန်အသင်းသည် ပြိုင်ပွဲစုံအဝေးကွင်းနောက်ဆုံး (၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး (၆)ပွဲအထိရှုံးနိမ့်ခဲ့ကာ ဂိုးမသွင်းနိုင်သည့်ပွဲမှာလည်း (၅)ပွဲ ရှိခဲ့သည်။

■ ယင်းနှစ်သင်းတွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲတွင် (၅)ပွဲမှာ (၂)သင်းပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments