Friday, March 13, 2026
spot_img
spot_img

ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

ဘန်လေ – မန်စီးတီး (မြန်မာစံတော်ချိန် သြဂုတ်လ ၁၂ ရက် နံနက် ၁:၃၀ နာရီ)

ဘန်လေက ပြီးခဲ့တဲ့ရာသီ လိဂ်ချန်ပီယံရှစ်ရဲ့အကောင်းဆုံးအသင်းဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ စောင့်ကြည့်ရမယ့် အသင်းဖြစ်တယ်။ ဘန်လေအသင်းရဲ့နည်းပြက ဗင်းဆင့်ကွန်ပနီဖြစ်ပြီး မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း၊ ဂန္ထဝင်ကစားသမားဟောင်းဖြစ်သလို၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာလက်အောက်မှာ လက်တွဲခဲ့ဖူးသူလည်းဖြစ်တယ်။ ဆရာတပည့် နှစ်ဦး ပြန်ဆုံကြတာဖြစ်ပြီး၊ ကွန်ပနီအတွက်ဆိုရင် အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရခြင်းလည်းဖြစ်တယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟော်လန်းက လိဂ်ပွဲ (၆) ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးနေတာကို ဒီပွဲမှာ အဆုံးသတ်ဖို့ ကြိုးစားရမှာဖြစ်ပြီး လက်ရှိ မန်စီးတီးရဲ့ကစားပုံကလည်း ဘန်လေကို အနိုင်ယူဖို့အတွက် သိပ်မခက်ခဲပါဘူး။ ဘန်လေ အိမ်ကွင်းမှာ အစွမ်းကုန်ရုန်းကန်တာမှန်ပေမယ့် မန်စီးတီးပဲ နိုင်သွားလိမ့်မယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments