ခရစ္စတယ်ပဲလေ့စ် – လိဒ်စ် (တနင်္ဂနွေည ရး၃၀ နာရီ)
ခရစ္စတယ်ပဲလေ့စ်က ခြေစွမ်းကောင်းပေမဲ့ တန်းဆင်းဇုန်နားကို ရောက်လာတယ်။ အသင်းမှာ ကစားသမားကောင်းတွေအများကြီးရှိပြီး ဘယ်အသင်းကိုမဆို တစ်ဦးချင်း ဒုက္ခပေးနိုင်ကြတယ်။ အသင်းလိုက်လည်း မဆိုးပါဘူး။ လိဒ်စ်ကတော့ နောက်ပိုင်းပွဲတွေ မှာ ခြေပြန်ကျလာတယ်။ ဒီပွဲကတော့ ဗီယာရာရဲ့ ခရစ္စတယ်ပဲလေ့စ် နိုင်ပွဲ ပြန်ရသင့်ပြီထင် တယ်။ ပဲလေ့စ်ကို ကြိုက်တယ်။
ဝက်စ်ဟမ်း – ဖူလ်ဟမ် (တနင်္ဂနွေည ရး၃၀ နာရီ)
လန်ဒန်မြို့ခံအသင်းနှစ်သင်းဖြစ်ပြီး လက်ရှိခြေစွမ်းအရ သိပ်မကွာကြဘူး။ ဒါပေမဲ့ ဝက်စ်ဟမ်းက နောက်ဆုံးပွဲမှာ ခြေစွမ်းပြအနိုင်ရထားပြီး ဖူလ်ဟမ်ကတော့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့တယ်။ ဝက်စ်ဟမ်းက ရလဒ်သိပ်မကောင်းပေမဲ့ ခြေစွမ်းပိုင်းက တဖြည်းဖြည်း တိုးတက်လာတာကိုလည်း တွေ့ရတယ်။ ဒီပွဲကအိမ်ကွင်းမှာကစားရမှာလည်းဖြစ်လို့ ဝက်စ် ဟမ်း နိုင်ပွဲဆက်ပါလိမ့်မယ်။
အာဆင်နယ် – လီဗာပူးလ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)
အာဆင်နယ်က ဒီရာသီမှာ မန်ယူတစ်သင်းတည်းကို ရှုံးထားပြီး ပွဲတိုင်းကို အနိုင်ကစားထားတယ်။ အာဆင်နယ်အသင်း ရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံးအနေအထားမှာရှိနေပြီး စပါးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ရဲ့ ရှေ့၊ လယ်၊ နောက် ဟန်ချက်ကို အကောင်းဆုံးပုံစံနဲ့ တွေ့ရတယ်။ လီဗာပူးလ်က လက်ရှိအချိန်ရပ်တည်မှုက အောက်ပိုင်းရောက်နေပေမဲ့ ရာသီ အစပဲရှိသေးလို့ အချိန်မီပြန်တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ အနိုင်ကစားဖို့တော့လိုတယ်။ နောက်ပိုင်းနှစ်တွေမှာ အာ ဆင်နယ်က လီဗာပူးလ်နဲ့တွေ့တိုင်း ရလဒ်ဆိုးလေ့ရှိပေမဲ့ ဒီနှစ်တော့ အာဆင်နယ် ရလဒ်ကောင်းကို မျှော်လင့်လို့ရတဲ့ အနေ အထားမှာ ရှိနေတယ်။ ခြေစွမ်းပိုင်းက ကောင်းကောင်းယှဉ်နိုင်ပြီး ယုံကြည်မှုရှိဖို့က အဓိကပဲ။ ရဲရဲတင်းတင်းနဲ့ ကိုယ့်ပုံစံအတိုင်း ကစားနိုင်ရင် အာဆင်နယ် ရလဒ်ကောင်းနိုင်ပါတယ်။
အဲဗာတန် – မန်ယူ (တနင်္လာနံနက် ၀၀း၃၀)
မန်ယူအသင်းက မန်စီးတီးနဲ့ပွဲမှာ စိတ်ပျက်စရာပုံစံကို ပြသခဲ့တယ်။ ဒါပေမဲ့ မာစီယဲလ်ဝင်လာပြီးနောက်ပိုင်းမှာ ကစားပုံ ပြန်ကောင်းလာခဲ့ပါတယ်။ အဲရစ်တန်ဟက်ဂ်က မန်စီးတီးကို Single Pivot နဲ့ ကစားခဲ့တာမှားပေမဲ့ ပုံမှန်အားဖြင့် မန်ယူ အသင်းရဲ့လူအင်အားအရ ထိပ်တန်းအသင်းကြီးတွေကလွဲရင် Single Pivot နဲ့ ရဲရဲတင်းတင်းကစားလု့ိရပါတယ်။ Rhythm မှန်နေတဲ့တောက်လျှောက် တွမ်မီနေးနဲ့သွားတဲ့ပုံစံကို မဖျက်ခဲ့ပေမဲ့ အခု ဒီပွဲမှာတော့ ကက်စီမီရိုကို ပြန်သုံးမယ်လို့ မျှော် လင့်ရတယ်။ ရော်နယ်လ်ဒိုကတော့ ဒီပွဲမှာလည်း အရန်ခုံမှာပဲ ထိုင်ရဦးမှာပဲ။ အဲဗာတန်က အခုနောက်ပိုင်း ခြေစွမ်းရော၊ ရလဒ် ပိုင်းပါ သိသိသာသာကောင်းမွန်လာတယ်။ ဂေးယီ ပါလာပြီးနောက်ပိုင်း ကွင်းလယ်ကလည်း ခိုင်မာလာတယ်။ အဲဗာတန်ကွင်း လည်းဖြစ်နေလို့ အဲဗာတန်ကို ကြိုက်တယ်။