Monday, March 2, 2026
spot_img
spot_img

ပရီးမီးယားလိဂ်နှင့် FA ဖလားပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) 

အာဆင်နယ် – ခရစ္စတယ်ပဲလေ့စ် (တနင်္ဂနွေည ၈း၃၀ နာရီ)

ခရစ္စတယ်ပဲလေ့စ်အသင်းက ရလဒ်တွေ ကျဆင်းနေတယ်။ ဒါပေမဲ့ ပဲလေ့စ်ရဲ့ ပြိုင်ဘက်အသင်းတွေက ခက်ခက်ခဲခဲ ကစားရတာကို တွေ့ရတယ်။ ရုပ်ပျက်ဆင်းပျက် ရှုံးပွဲတွေ့တာမျိုး သိပ်မတွေ့ရပဲ သူတင်ကိုယ်တင် ကစားနိုင်လေ့ရှိတယ်။ လက်ရှိမှာ နည်းပြ ဗီယာရာနဲ့ လမ်းခွဲလိုက်ပြီဆိုပေမယ့် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ ချန်ပီယံခရီးကို အနှောင့်အယှက် ဘယ်လောက်ပေးနိုင်မလဲဆိုတာကို ကြည့်ရမယ်။ ဒါပေမဲ့ ပုံမှန်ခြေစွမ်းအရကို အရမ်းကွာပါ တယ်။ အာဆင်နယ်ကွင်းလည်းဖြစ်နေတယ်။ အာဆင်နယ်ပဲ နိုင်ပွဲဆက်ဦးမယ်။ 

FA ဖလားကွာတားဖိုင်နယ်

ရှက်ဖီးယူနိုက်တက် – ဘလက်ဘန်း (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ဘလက်ဘန်းတို့က လိဂ် ချန်ပီယံရှစ်အသင်းတွေဖြစ်တယ်။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းနဲ့ လူအင်အားက အရမ်းကွာခြားနေတာမျိုးလည်း မဟုတ်ဘူး။ အ ကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲကို ကစားကြရမှာဖြစ်တယ်။ ဒီရာသီ လိဂ်ချန်ပီယံရှစ်ပွဲအဖြစ် နှစ်ကျော့စလုံး ကစားထားခဲ့ ကြပြီး ကိုယ့်အိမ်ကွင်း ကိုယ်အနိုင်ယူထားတာလည်း တွေ့ရတယ်။ စပါးနဲ့ လက်စတာတို့ကိုကျော်ဖြတ်လာတဲ့အသင်းတွေ လည်းဖြစ်တယ်။ အိမ်ရှင်ရှက်ဖီးကိုတော့ ပိုကြိုက်တယ်။ 

ဘရိုက်တန် – ဂရင်းစ်ဘီ (တနင်္ဂနွေည ၈း၄၅ နာရီ)

ဂရင်းစ်ဘီက လိဂ်-၂ ကလပ် အသင်းတစ်သင်းဖြစ်ပြီး ပြီးခဲ့တဲ့ အဆင့်တုန်းကတော့ ပရီးမီယားလိဂ် အသင်းတစ်သင်း ဖြစ်တဲ့ ဆောက်သမ်တန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ အဲ့ဒီတုန်း ကလည်း အဝေးကွင်းမှာ ကစားရပြီး မဖြစ်နိုင်ဘူး ထင်ခဲ့ပေမဲ့ သူတို့ လုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဘရိုက်တန်နဲ့ ဆောက်သမ် တန်က ကွာတယ်။ ဘရိုက်တန်က ဆောက်သမ်တန်လို အမှား မျိုး ကျူးလွန်မှာလည်း မဟုတ်ဘူး။ နောက်ပိုင်းပွဲတွေမှာ တိုက်စစ် လည်း ပြန်ကောင်းလာတယ်။ ဘရိုက်တန်ကို ကြိုက်တယ်။ 

မန်ယူ – ဖူလ်ဟမ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

မန်ချက်စတာ ယူနိုက်တက်ရဲ့ ခြေစွမ်းကလည်း နိမ့်၊ မြင့်၊ တက်၊ ကျ များလှတယ်။ ဒါပေမဲ့ အများစုကို ခြုံကြည့်ရင်တော့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကစားနေတာကို တွေ့ရပါတယ်။ ဖူလ်ဟမ်က တော်တော်လေး ခြေစွမ်းပြပြီး အားကောင်းတဲ့ အနေအ ထားကနေ နောက်ပိုင်းမှာ ရလဒ်ပိုင်း ကျဆင်းလာတာကို တွေ့ရတယ်။ ဘရန်ဖို့ဒ်နဲ့ ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့သလို၊ အာဆင်နယ် အသင်းနဲ့ ပွဲမှာလည်း ရလဒ်ဆိုးခဲ့တယ်။ ဒီပွဲမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဖူလ်ဟမ် ရုန်းကန်ရလိမ့်မယ်။ ကြားထဲမှာ ယူရိုပါလိဂ်ကစားထားပေမဲ့ မန်ချက်စတာယူနိုက်တက်မှာ လုံလောက်တဲ့ Squad depth လည်း ရှိပါတယ်။ ယူနိုက်တက်ပဲ အနိုင်ရလိမ့်မယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments