Friday, January 16, 2026
spot_img
spot_img

ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆန်ချိုကို ယုံကြည်မှု အပြည့်အဝ ပေးထားသေးတဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဂျေဒန် ဆန်ချိုကတော့ မနေ့ညက မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်းပွဲစဉ်ထဲ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းကြစဉ် ပင်နယ်တီကို ဝင်အောင် မကန်သွင်းနိုင်ခဲ့ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ယုံကြည်မှုကို ဆက်လက် ရရှိနေဆဲ ဖြစ်နေပါတယ်။

မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ မနေ့ညက ဝင်ဘလေမှာ ကွန်မြူနတီဒိုင်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး သာမန်ပွဲချိန်အတွင်း ဂါနာချိုနဲ့ ဘာနာဒို ဆေးလ်ဗားတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖို့ထိ ရောက်ရှိလာချိန်မှာ စီးတီးဘက်က ဆေးလ်ဗားသာ ပင်နယ်တီ မဝင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဆန်ချိုနဲ့ အီဗန်စ်တို့ ပင်နယ်တီ လွဲချော်ခဲ့ရင်း ဆုဖလားနဲ့ပါ လွဲချော်ခဲ့ရပါတယ်။

ယူနိုက်တက်အတွက် ပင်နယ်တီ ဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ဝင်ဘလေမှာပဲ အင်္ဂလန်နဲ့ အီတလီအသင်းတို့ ယူရို-၂၀၂၀ ဖိုင်နယ်ပွဲစဉ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အင်္ဂလန်အတွက် ပင်နယ်တီ ကန်သွင်းချက် လွဲချော်ခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မနှစ်က ဘောလုံးရာသီမှာလည်း နည်းပြ တန်ဟက်ဂ်နဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်ခဲ့ရလို့ အသင်းရဲ့ လူစာရင်းကနေပါ ချန်လှပ်ခံခဲ့ရပြီး အသင်းဟောင်း ဒေါ့မွန်ဆီကိုလည်း ရာသီဝက် အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒေါ့မွန်နဲ့ အငှားသက်တမ်း ပြည့်သွားလို့ ယူနိုက်တက်ဆီ ပြန်ရောက်လာချိန်မှာ တန်ဟက်ဂ်နဲ့ အဆင်ပြေသွားခဲ့ပြီး ပွဲကစားခွင့်တွေလည်း ပြန်လည် ရရှိလာခဲ့ပါတယ်။

အခုလည်း အသင်းအတွက် အရေးကြီးတဲ့ အချိန်မှာ ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဆန်ချိုနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ကျွန်တော်ကတော့ သူနဲ့ ပတ်သက်ပြီး ဘာသံသယမှကို မရှိပါဘူး။ သူက ပင်နယ်တီ ကန်သွင်းမှုကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ အနာဂတ်မှာလည်း သူက ပင်နယ်တီတွေကို ဆက်လက် ကန်သွင်းနေရဦးမယ်ဆိုတာ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်အနေနဲ့ ဆန်ချိုအပေါ် အခုလို ယုံကြည်မှု အပြည့်အဝ ပေးထားပေမယ့်လည်း ဆန်ချိုရဲ့ ယူနိုက်တက် ကစားသမားဘဝကတော့ အာမခံချက်အပြည့် မရှိသေးပဲ သူ့ကို ပီအက်စ်ဂျီနဲ့ ဂျုဗင်တပ်စ်အသင်းတို့က ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြသလို အခုနွေဈေးကွက် မပိတ်ခင်မှာပဲ အသင်းအပြောင်းအလဲပါ ဖြစ်လာနိုင်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments