Saturday, September 13, 2025
spot_img
spot_img

နွေရာသီတွင် ချယ်လ်ဆီးသို့ အန်ကွန်ကူ ပြောင်းရွှေ့ရန်သေချာသည်ဟု လိုက်ပ်ဇစ်အသင်း အားကစားဒါရိုက်တာ အတည်ပြု

လာမည့်နွေရာသီတွင် ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူသည် ပရီးမီးယားလိဂ်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့မည်မှာ သေချာကြောင်း လိုက်ပ်ဇစ်အသင်း အားကစားဒါရိုက်တာ မက်အီဘယ်လ်က အတည်ပြုခဲ့သည်။

“ဒီလက်မှတ်ရေးထိုးမှုက အရမ်းပဲ သိသာထင်ရှားပါတယ်။ ဒါကတော့ သူ(အန်ကွန်ကူ) ချယ်လ်ဆီးကို ပြောင်းရွှေ့မှာပါ”ဟု မက်အီဘယ်လ်က BILD သို့ ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသည် အန်ကွန်ကူကို စာချုပ်လျော်ကြေး ပေါင် ၅၃ သန်းဖြင့် ယခုရာသီကုန်တွင် ခေါ်ယူရန် အပြီးသတ်သဘောတူညီမှု ရရှိပြီးဖြစ်သည်ဟု ပြီးခဲ့သည့်လက သတင်းများထွက်ပေါ်ခဲ့သည်။

အန်ကွန်ကူသည် ယခုရာသီပြိုင်ပွဲစုံတွင် လိုက်ပ်ဇစ်အသင်းအတွက် ၂၃ ပွဲကစားကာ ၁၇ ဂိုး သွင်းယူထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments