Wednesday, March 4, 2026
spot_img
spot_img

နံရိုးကျိုးခဲ့တာကြောင့် ၂၀၂၄ လက်ကျန်ကို လွဲချော်တော့မယ့် နူအာ

ဘိုင်ယန်မြူးနစ်ဂိုးသမား နူအာတစ်ယောက် လေဗာကူဆင်စတား ဖရင်းပေါင်ကို ဖျက်ထုတ်ရင်း နံရိုးကျိုးခဲ့တာကြောင့် လက်ကျန် ၂၀၂၄ ကို လွဲချော်တော့မယ်လို့ သိရပါတယ်။ ရှက်တာနဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် ကွန်ပနီက သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ အခုလိုမျိုးပြောကြားခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်သားဟာ ပြီးခဲ့တဲ့အပတ်တုန်းက လေဗာကူဆင်နဲ့ပွဲမှာ ဖရင်းပေါင်ကို ဖျက်ထုတ်ရင်း နံရိုးကျိုးခဲ့သလို အနီကတ်လည်း ပြသခံခဲ့ရပါတယ်။ “သူ(နူအာ)တစ်ယောက် နံရိုးကျိုးခဲ့ပါတယ်။ ဆိုလိုတာက သူ့အနေနဲ့ အခုနှစ်မှာ ကစားနိုင်တော့မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ သူပြန်လည်ကြံ့ခိုင်လာဖို့ အရေးကြီးပါတယ်။

လာမယ့်ဇန်နဝါရီအစမှာ သူပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အခုတော့ ပြောဖို့စောနေပါသေးတယ်။ ကျွန်တော်တို့မှာ ကစားသမားအများအပြားဒဏ်ရာရနေပါတယ်။ ဒါပေမယ့် အဲ့တာတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်”လို့ ကွန်ပနီက ဖြေကြားခဲ့ပါတယ်။

နူအာဒဏ်ရာရရှိခဲ့တာကြောင့် ဘိုင်ယန်အနေနဲ့ အရန်ဂိုးသမား ဆဗန်ကိုအသုံးပြုရဖွယ်ရှိနေပါတယ်။ သို့ပေမယ့် ပြင်သစ်သားဟာ ပုဂ္ဂိုလ်ရေးအခြေအနေကြောင့် လက်ရှိမှာ အသင်းနဲ့မပူးပေါင်းနိုင်သေးတာဖြစ်ပါတယ်။ဆိုလိုတာက ဘိုင်ယန်အနေနဲ့ ဆဗန်အစား လာမယ့်အပတ်တွေမှာ တတိယဦးစားပေးဂိုးသမား ဒန်နီရယ်ပီရက်ဇ်ကို အသုံးပြုရဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments