Wednesday, March 4, 2026
spot_img
spot_img

နံနက်ခင်း အားကစား သတင်းများ

ဆော်ဒီ ကလပ် အယ်အာလီ အသင်းဟာ အက်သလက်တီကို မက်ဒရစ် အသင်းမှာ ကစားနေတဲ့ အာဂျင်တီးနား ကွင်းလယ်လူ ရိုဒရီဂို ဒီပေါလ် ကို ကမ်းလှမ်းမှု ပြုလုပ်ခဲ့ ပေမယ့် ဒီပေါလ် ဘက်က ပယ်ချ သွားခဲ့တယ်လို့ သိရပါတယ် ။

အယ်အစ်တီဟတ် အသင်းဆီ ဆဲလ်တစ် ကနေ ပြောင်းရွှေ့ လာတဲ့ တောင်ပံ ကစားသမား ဂျိုတာ ကတော့ အသင်းသစ် နဲ့ လအနည်းငယ် အကြာမှာတင် စာချုပ်ဖျက်သိမ်းကာ ပြန်လည် ထွက်ခွာ သွားခဲ့ပြီလို့ သတင်း ကြားသိရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ မနေ့ညတုန်းက နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်း လမ်းခွဲခဲ့တဲ့ မေဆင် ဂရင်းဝုဒ် ကို ကမ်းလှမ်းမှု အများအပြား ရောက်ရှိ လာခဲ့တယ်လို့ သတင်းထွက်လာခဲ့ ပါတယ် ။ အဲ့ဒိ အထဲမှာ မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း ဂျိုဆေး မော်ရင်ညို ကိုင်တွယ်နေတဲ့ ရိုးမား အသင်းလည်း ပါဝင်တယ်လို့ သိရှိရ ပါတယ် ။

ရှက်ဖီး ယူနိုက်တက် အသင်းကတော့ အေစီမီလန် မှာ ကစားနေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း အိုရီဂီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ချဲလ်ဆီး အသင်းကတော့ အရန် ဂိုးသမား နေရာအတွက် ဆားဘီးယား ဂိုးသမား ပီထရိုဗစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ ပါတယ် ။ ပီထရိုဗစ် ဟာ လန်ဒန် ကလပ် နဲ့ ၇ နှစ် စာချုပ် ချုပ်ဆို သွားမှာ ဖြစ်ပြီး ပြောင်းရွှေ့ကြေး အပိုဆုကြေးအပါ ယူရို ၁၆ သန်း ဝန်းကျင် ပေးချေရမယ်လို့ သိရပါတယ် ။

နော်တင်ဟမ် ဖောရက်စ် ကတော့ ဆီဗီးလား ကနေ အာဂျင်တီးနား နောက်ခံလူ ဂွန်ဇာလို မွန်တီရယ် ကို ခေါ်ယူ ပြီးမြောက် ခဲ့ကြောင်း အသိပေး ကြေညာသွားခဲ့ ပါတယ် ။

အာဆင်နယ် ဂန္ထဝင် တိုက်စစ်မှူးဟောင်းကြီး သီယာရီ အွန်နရီ ဟာ ပြင်သစ် ယူ-၂၁ အသင်း နည်းပြ အဖြစ် ၂၀၂၅ ခုနှစ် အထိ စာချုပ် ချုပ်ဆို သွားခဲ့ပြီ ဖြစ်ပါတယ် ။

အင်တာမီလန် ဟာ ဘိုင်ယန် နောက်ခံလူ ပါဗက် အတွက် ယူရို သန်း ၃၀ + အပိုဆုကြေး တောင်းဆိုမှု ကို ပေးချေ ဖို့ လက်ခံ သဘောတူလိုက်ပြီ ဖြစ်ပါတယ် ။ ဒါကြောင့် ပါဗက် ဟာ မကြာခင်မှာ အီတလီ ကို ထွက်ခွာပြီး ဆေးစစ်မှု ခံယူတော့မှာပါ ။

မန်စီးတီး အသင်းဟာလည်း ပြင်သစ် ကလပ် ရင်းနစ် အသင်းရဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ဂျရယ်မီး ဒိုကူ ကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိတော့မယ်လို့ ကြားသိရပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အာဆင်နယ် ဟာ အဝေးကွင်းမှာ ပဲလေ့စ် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။ အာဆင်နယ် အတွက် တလုံးတည်းသော ဂိုးကို အသင်းခေါင်းဆောင် အိုဒီဂွာ က ပင်နယ်တီ ကနေ သွင်းယူပေးခဲ့တာ ဖြစ်ပြီး နောက်ခံလူ တိုမီယာဆု အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ရပါတယ် ။

အေစီမီလန် ကတော့ စီးရီးအေ အဖွင့် ပွဲစဉ်မှာ ဘိုလော့ညာ အသင်းကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီး ဂျီရူး နဲ့ ပူလီဆစ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ ကြပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments