Monday, October 27, 2025
spot_img
spot_img

နောက်ထပ်နောက်ခံလူတစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ မန်စီးတီး

သတင်းတွေအရ မန်စီးတီးအသင်းဟာ ပါးလ်မီးရက်စ်နောက်ခံလူ ဗစ်တာရီးစ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ အခုရာသီမှာ ရလဒ်တွေဆိုးဝါးနေပြီး ၂၀ ပွဲကစားပြီးချိန်မှာ ၁၁ ပွဲသာအနိုင်ရရှိထားသလို ခံစစ်ကလည်း ၂၉ ဂိုးအထိ ပေးထားခဲ့ရတာကြောင့် အခုဆောင်းဈေးကွက်မှာ ခံစစ်ကို အားဖြည့်ဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက စီးတီးဟာ လန်းစ်နောက်ခံလူ ကူဆာနော့ဗ်ကို ခေါ်ယူနိုင်ခဲ့ပြီး အခုလည်း ဗစ်တာကို ထပ်မံခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ စီးတီးအသင်းနဲ့ ၄ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး စီးတီးခံစစ်မှာ နေရာရဖို့တော့ အားပြိုင်ရမှာဖြစ်ပါတယ်။ “စီးတီးကိုပြောင်းခွင့်ရလို့ ကျွန်တော်စိတ်လှုပ်ရှားမိပါတယ်။ စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းပါ။ ပြီးခဲ့တဲ့ရာသီတွေက သူတို့အောင်မြင်ခဲ့တာကို လူတိုင်း မြင်ခဲ့ကြပြီးပါပြီ။

ပြီးတော့ ကျွန်တော်လည်း ဒီအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေရယူချင်ပါတယ်။ ပက်အောက်မှာ လူငယ်ကစားသမားတိုင်း လာရောက်ကစားချင်ကြပါတယ်။ သူကလည်း ကျွန်တော့်ကို အကောင်းဆုံးကစားသမားမျိုးဖြစ်လာအောင် ကူညီပေးနိုင်မယ်ဆိုတာ သိပါတယ်။ စီးတီးမှာ ဘရာဇီး

Manchester City sign another defender

ကစားသမားတွေဖြစ်တဲ့ အီဒါဆန် ၊ ဆာဗင်ဟိုတို့ရှိနေတာကြောင့် ကျွန်တော်လည်း အလျင်အမြန်အထိုင်ကျနိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ဗစ်တာက ပြောကြားခဲ့ပါတယ်။

စီးတီးအားကစားဒါရိုက်တာ ဘီဂရစ်စတိန်းကလည်း “ဗစ်တာက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးပါ။ သူ့လိုကစားသမားမျိုးကို အသင်းထံခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာမိပါတယ်။ ဘရာဇီးအသင်းမှာ သူ့ရဲ့ကစားသမားဘဝက တိုတောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲအတွင်း တိုးတက်လာမယ်ဆိုရင် ပက်အောက်မှာလည်း တိုတးက်လာမယ်ဆိုရင် သူ့ဆီကနေ အများကြီးမျှော်လင့်နိုင်ပါတယ်။ သူက ဘောလုံးနဲ့အတူ ဆွဲပြေးရာမှာလည်း ထူးချွန်သလို အမြင့်ဘောတွေမှာလည်း အားသာပါတယ်။ ဗစ်တာက ငယ်ရွယ်ပေမယ့် အရည်အချင်းပြည့်ဝတဲ့သူပါ။ သူက ကျွန်တော်တို့ အချိန်အကြာကြီး အနာဂတ်မှာ ကူညီပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”လို့ ဘီဂရစ်စတိန်းက ပြောကြားခဲ့ပါတယ်။ ဗစ်တာကို မာကွင်ဟို့စ်လက်သစ်လို့ တင်စားနေကြပြီး အခုအပြောင်းအရွှေ့ကြောင့် ယခင် လူးကပ်စ်တင်ထားတဲ့ ဈေးအကြီးဆုံးဘရာဇီးနောက်ခံလူစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဘရာဇီးသားဟာ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်လာနိုင်ချေမရှိသေးပဲ လာမယ့်ချဲလ်ဆီးနဲ့ပွဲမှာတော့ ပွဲဦးထွက်ပါဝင်လာနိုင်ချေရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments