Saturday, September 13, 2025
spot_img
spot_img

နောက်ကျဂိုးဖြင့် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် တန်ဟက် ဖိအားတွေပိုများလာမယ်လို့ နဗီးလ်ဆို

ဘရိုက်တန်ကိုနောက်ကျဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကြောင့် တန်ဟက်အပေါ် ဆိုးရွားတဲ့ ဖိအားများ ဖြစ်စေတယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။

ဘရိုက်တန်ရဲ့ နောက်ကျအနိုင်ဂိုးကို ပီဒရိုက သွင်းယူနိုင်ခဲ့တဲ့အတွက် အနည်းဆုံး ၁ မှတ်ရမယ့် ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေဟာ ပြိုပျက်ခဲ့ရပါတယ်။ ယူနိုက်တက် ကစားသမားဟောင်း ဒန်နီဝဲလ်ဘက်ခ်ရဲ့ အစောပိုင်း ဂိုးသွင်းမှုကို ဒုတိယပိုင်းမှာ ဒီယာလို ချေပဂိုးအဖြစ် ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

NBC Sports အတွက် ပွဲအပြီး သုံးသပ်ချက်တွင် နဗီးလ်က ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်အပေါ် ပြောကြားခဲ့ပါတယ်။ “ဒီပွဲအတွက် တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ အဆုံးသတ်ပါပဲ။ သရေတစ်မှတ်ရရင် တစ်ဝက်လောက်လက်ခံနိုင်မယ်လို့ ကျွန်တော်ထင်ခဲ့တယ် ဒါပေမယ့် ပွဲရှုံးတာက နောက်အပတ် လီဗာပူးနဲ့ကစားရမယ့်ပွဲအတွက် တန်ဟက်အဖို့ ဖိအားတွေ အများကြီးဖြစ်စေခဲ့ပါတယ်” လို့ နဗီးလ်က ပြောကြားထားပါတယ်။

ပထမပိုင်းက အထောင်တိုက်စစ်မှူးမပါတဲ့ ယူနိုက်တက်ရဲ့ ရုန်းကန်မှုများကို ထောက်ပြကာ တန်ဟက်ရဲ့ နည်းဗျူဟာပိုင်း အမှားအယွင်းကြောင့် အသင်းရဲ့ အဖိုးတန်အချိန်နှင့် အရှိန်အဟုန်ကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားထားပါတယ်။

နဗီးလ်က “ပထမပိုင်းရဲ့ ကစားပုံကို ဘယ်သူကမှ အံ့အားသင့်စရာလို့ မထင်ပါဘူး။ အထောင်တိုက်စစ်မှူးမပါဘဲ ဘောလုံးကစားရတာ အရမ်းခက်ခဲပါတယ်။ ရှေ့တည့်တည့်မှာ ဆုံမှတ်တစ်ခုလိုပါတယ် ပြီးတော့ ဒုတိယပိုင်းမှာ ဇီကာဇီ လူစားထိုးခဲ့သော်လည်း ပထမပိုင်း ၄၅ မိနစ် ဖြုန်းတီးသလိုဖြစ်ခဲ့ပါတယ်” လို့ နဗီးလ်က သုံးသပ်ခဲ့ပါတယ်။

ဘရိုက်တန်ရဲ့အနိုင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ယူနိုက်တက်ရဲ့နောက်တန်းကိုလည်း နဗီးလ်က ဝေဖန်ခဲ့ပြီး အဆိုပါဂိုးကို ပီဒရိုက သွင်းယူခဲ့တာဖြစ်ပါတယ်။

“ပထမဂိုးက ခံစစ်အားနည်းပေမယ့် ဒုတိယပိုင်းပြီးခါနီးပေးလိုက်ရတဲ့ နောက်ဆုံးဂိုးကို ကျွန်တော်ကြည့်ခဲ့ပါတယ်။ ထောင့်ဖြတ်ရောက်လာတာကို ဒုတိယအဆင့်မှာ ထောင့်ဘောကာကွယ်သလိုပဲ ကာကွယ်ရမှာပါ”

“အထူးသဖြင့် ကက်စ်မဲရိုးကို ကြည့်လိုက်ရင် သူက ခံစစ်ကနေ ထွက်သွားပြီး ဗဟိုကွင်းလယ်သို့ ပြန်သွားသလိုမျိုးဖြစ်နေပါတယ်။ ဒါပေမယ့် နောက်တန်းဇုံမှာ နေရာလွတ်တွေများစွာ ချန်ထားခဲ့ပုံရပါတယ်။ အာရုံစူးစိုက်မှု မရှိတာ အာရုံစူးစိုက်မှု အားနည်းတာက အသင်းအတွက် ဖိအားဖြစ်စေပါတယ်” လို့ နဗီးလ်က ပြောထားပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးနှင့် ရင်ဆိုင်ရန် ပြင်ဆင်နေချိန်တွင် နဗီးလ်ရဲ့ စကားတွေက တန်ဟက်နှင့် သူရဲ့အသင်းအတွက် ရှေ့လာမယ့် စိန်ခေါ်မှုများကို ပြတ်သားစွာ အမှတ်ရစေပါတယ်။ သူတို့ရဲ့ မဟာပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမယ့်ပွဲဟာ ယူနိုက်တက်ရဲ့ ရာသီလမ်းကြောင်းကို အဆုံးအဖြတ်ပေးရာမှာ အရေးပါတဲ့အချက်ဖြစ်နိုင်ပါတယ်။ မြင့်မားတဲ့မျှော်လင့်ချက်များနှင့် ဖိအားများတိုးလာခြင်းကြောင့် တန်ဟက်ဟာ စက်တင်ဘာ ၁ ရက်နေ့တွင် အိုးထရက်ဖို့ဒ်မှာ အပြုသဘောဆောင်တဲ့ရလဒ်များ ပြန်လည်ရယူလိုပါက ကမ်ပိန်းရဲ့အစောပိုင်းအဆင့်များတွင် အသင်းအတွက် အနှောက်အယှက်ဖြစ်စေမယ့် ပြဿနာများကို ဖြေရှင်းရန် လိုအပ်မှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments