ကစားသမားဘဝမှ ဂါရတ်ဘေးလ် အနားယူသွားပြီး ဝေးလ်စ်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့် ကွင်းလယ်လူ အာရွန်ရမ်ဆေးသည် နိုင်ငံတကာပွဲ (၁၀၀) ပြည့်မြောက်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ယင်းရည်မှန်းချက်သည် သူ၏နိုင်ငံလက်ရွေးစင်ကစားသမားဘဝ ရှေ့ဆက်ရန် ဆုံးဖြတ်ချက်ကို များစွာလွှမ်းမိုးခဲ့ကြောင်း ဝေးလ်စ်အသင်းနည်းပြ ရော့ဘ်ပေ့ချ်က ပြောကြားခဲ့သည်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ ရမ်ဆေးသည် လက်ရှိတွင် နိုင်ငံတကာပွဲပေါင်း (၇၈)ပွဲ ကစားထားပြီး ဂိုး(၂၀) သွင်းယူထားသည်။






