Friday, March 13, 2026
spot_img
spot_img

နိုင်ငံတကာပွဲအများဆုံးကစားသမားဖြစ်လာသောကြောင့် ဂုဏ်ယူမိကြောင်း စီရော်နယ်လ်ဒို ပြောကြား

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက နိုင်ငံတကာပွဲအများဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့သောကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

အသက် ၃၈ နှစ်ရှိပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ကြာသပတေးနေ့က လက်ချင်စတိန်းအသင်းအား (၄-၀) ဂိုးဖြင့် အနိုင်ရသည့် ယူရိုခြေစစ်ပွဲတွင် ပွဲထွက်ကစားသမား အဖြစ် ပါဝင်ကစားခဲ့ပြီး ၅၁ မိနစ်တွင် ပယ်နယ်တီနှင့် ၆၃ မိနစ်တွင် ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်း၍ နှစ်ဂိုးသွင်းယူပေးခဲ့သည်။ 

ယခုပွဲမှာ စီရော်နယ်လ်ဒိုအတွက် ၁၉၇ ပွဲမြောက် နိုင်ငံတကာပွဲကစားခွင့်ရခြင်း ဖြစ်ပြီး ကူဝိတ်တိုက်စစ်မှူး အယ်လ်မူတာဝါ၏ ၁၉၆ ပွဲစံချိန်ကိုကျော်၍ သမိုင်းတစ်လျှောက် နိုင်ငံတကာပွဲအများဆုံး ကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ပြီဖြစ်သလို လက်ရွေးစင် အသင်းအတွက် ဂိုး ၁၂၀ ရှိလာပြီဖြစ်သည်။

“လက်ရွေးစင်အသင်းအတွက် ပြန်ကစားခွင့်ရပြီး ဂိုးသွင်းနိုင်တဲ့ ခံစားချက်ကကောင်းပါတယ်။ ဒီကွင်းမှာကစားရတာကလည်း ကျွန်တော့်အတွက် ထူးခြားပါတယ်။ ပွဲအများဆုံးကစားသမား ဖြစ်ခွင့်ရလို့လည်း ဂုဏ်ယူပါတယ်” ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။

နိုင်ငံတကာပွဲအများဆုံး ကစားသမားစာရင်း

အမည်                      နိုင်ငံ           ပွဲ             မှ    အထိ

စီရော်နယ်လ်ဒို    ပေါ်တူဂီ    ၁၉၇    ၂၀၀၃    လက်ရှိ

အယ်လ်မူတာဝါ    ကူဝိတ်    ၁၉၆    ၂၀၀၃    ၂၀၂၂

ဆိုချင်အန်း         မလေးရှား    ၁၉၅    ၁၉၆၉    ၁၉၈၄

ဟက်ဆန်                 အီဂျစ်    ၁၈၄    ၁၉၉၅    ၂၀၁၂

မူဘာရက်                 အိုမန်    ၁၈၃    ၂၀၀၃    ၂၀၁၉

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments