Sunday, March 15, 2026
spot_img
spot_img

နာပိုလီအသင်းအနေဖြင့် ကွန်တီကို နည်းပြအဖြစ် ခန့်အပ်သင့်ကြောင်း ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ရာဗင်နယ်လီ ပြောကြား

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ရာဗင်နယ်လီက ယခုရာသီတွင် ရုန်းကန်နေရသည့် နာပိုလီအသင်းအနေဖြင့် စပါးအသင်းနှင့်လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် ကွန်တီကို အသင်းနည်းပြအဖြစ် ချက်ချင်းခန့်အပ်သင့်ကြောင်း ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးခဲ့သည့် နည်းပြ စပယ်လက်တီထွက်ခွာသွားပြီးနောက် ၎င်း၏နေရာတွင် ရူဒီဂါစီယာ၊ မက်ဇာရီတို့နှင့်အစားထိုးခဲ့သည်။ သို့သော် အဆင်မပြေသဖြင့် ၎င်းတို့ကို ရာထူးမှထုတ်ပယ်ပြီး ယခုအခါ ဆလိုဗက်ကီးယားနည်းပြ ကယ်ဇိုနာကို ယခုရာသီကုန်အထိ အသင်းနည်းပြအဖြစ် ခန့်အပ်ထားသည်။

ကယ်ဇိုနာ လက်ထက်တွင်လည်း နာပိုလီအသင်းမှာ ရုန်းကန်နေရသဖြင့် ရာဗင်နယ်လီက ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

ရာဗင်နယ်လီက “နာပိုလီမှာ စပယ်လက်တီလိုမျိုး လုပ်နိုင်တာ ကွန်တီ တစ်ယောက်ပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ နာပိုလီအသင်းအနေနဲ့ အခုအချိန်မှာ လုပ်ရမှာက ကွန်တီကို အသင်းနည်းပြအဖြစ် ခန့်အပ်တာပါပဲ။ ဒါမှပဲ သူတို့အဆင်ပြေမှာပါ” ဟု ပြောကြားခဲ့သည်။

နာပိုလီအသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၂၉)အပြီးတွင် ရမှတ် (၄၅)မှတ်ဖြင့် အဆင့် (၇)နေရာ၌ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် ရုန်းကန်ရဖွယ်ရှိနေသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments