Wednesday, March 11, 2026
spot_img
spot_img

နယူးကာဆယ် နှင့် အာဆင်နယ် ပွဲမှာ ကစားသမား နှစ်ဦး ထုတ်ပယ် ခံခဲ့ရသင့်တယ်လို့ ဝန်ခံပြောကြားလာတဲ့ ဟောင်းဝပ်ဝက်ဘ်

PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ် ဟာ အငြင်းပွားစရာတွေ များခဲ့တဲ့ နယူးကာဆယ် အသင်း နှင့် အာဆင်နယ် အသင်း ပွဲမှာ ကိုင်ဟားဗတ်ဇ် နှင့် ဘရူနို ဂွီမာရေစ့် တို့ နှစ်ဦးစလုံး ထုတ်ပယ် ခံခဲ့ရသင့်ကြောင်း ဝန်ခံ ပြောကြား လာခဲ့ပါတယ် ။

နယူးကဆယ် အသင်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက အာဆင်နယ် အသင်းကို ဂေါ်ဒွန် ရဲ့ အငြင်းပွားဖွယ် သွင်းဂိုး နဲ့ အနိုင် ရခဲ့တာပါ ။ ပွဲ အပြီးမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ ဒိုင်လူကြီးတွေ အပေါ် အပြင်းအထန် ထိုးနှက် ဝေဖန် ခဲ့ပြီး အာဆင်နယ် ဘက်ကလည်း သူတို့ရဲ့ နည်းပြ အပေါ် ထောက်ခံကြောင်း ကြေညာစာ ထုတ်ပြန် ခဲ့ပါတယ် ။

မနေ့က အင်္ဂါနေ့မှာတော့ PGMOL ရဲ့ အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ဟာ ဟားဗတ်ဇ် နှင့် ဘရူနို ဂွီမာရေစ့် တို့ကတော့ အနီကဒ် ပြခံရမယ့် အနေအထားကနေ လွတ်မြောက် သွားခဲ့တယ်လို့ ဆိုလာခဲ့ပါတယ် ။

နယူးကာဆယ် နဲ့ အာဆင်နယ် ပွဲ ပထမပိုင်းမှာ ဟားဗတ်ဇ် ဟာ လောင်းစတပ်ဖ် ကို အဆင်အခြင်မဲ့ ဖျက်ထုတ်ခဲ့ပေမယ့် အဝါကဒ် သာ ပြခံခဲ့ရတာပါ ။ ဒါ့အပြင် ဘရူနို ဂွီမာရေစ့် ဟာလည်း ဂျော်ဂျင်ညို ရဲ့ ဦးခေါင်းကို သိသိသာသာ ပြစ်ဒဏ် ကျူးလွန် ခဲ့ပေမယ့် အနီကဒ် ကနေ လွတ်မြောက် သွားခဲ့ပါတယ် ။

ဒီအကြောင်း နဲ့ ပတ်သက်ပြီး ဟောင်းဝပ်ဝက်ဘ် က Match Official Mic’d Up Show မှာ ” ဒီလို အရေးပါတဲ့ ပွဲတစ်ပွဲက တကယ့်ကို အလုပ်များ ခဲ့ရတဲ့ ပွဲတစ်ပွဲ မဟုတ်ခဲ့ပေဘူးလားဗျာ ။ အဲ့ဒီ ပွဲက အခြေအနေ နှစ်ရပ်ကို သေချာ ပြန်လေ့လာ သုံးသပ်ပြီး တဲ့ အခါမှာ နှစ်ခုစလုံးက အနီကဒ် ပြရမယ့် အနေအထား ဖြစ်ခဲ့ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments