Monday, October 27, 2025
spot_img
spot_img

နယူးကာဆယ်တွင် တိုနာလီ အောင်မြင်မည်ဟု မိုဗစ် မှတ်ချက်ပြု

ကစားသမားဘဝမှ အနားယူသွားသည့် အေစီမီလန်တိုက်စစ်မှူးဟောင်း အီဘရာဟီမိုဗစ်က အေစီမီလန်အသင်းဖော်ဟောင်း တိုနာလီအနေဖြင့် နယူးကာဆယ်အသင်းတွင် အောင်မြင်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

နယူးကာဆယ်အသင်းသည် အေစီမီလန်ကွင်းလယ်လူ တိုနာလီ(၂၃ နှစ်)ကို ပေါင်သန်း (၆၀) ဖြင့် ခေါ်ယူရန် သဘောတူညီမှုရခဲ့ပြီဖြစ်သည်။

အီဘရာဟီမိုဗစ်က ”တိုနာလီ ပရီးမီးယားလိဂ်အတွက် အသင့်ဖြစ်ပြီလားဆိုရင်တော့ အသင့်ဖြစ်ပြီလို့ ကျွန်တော် ထင်ပါတယ်။ အောင်မြင်ချင်ရင် ဘယ်လိုစိတ်ထားရမယ်ဆိုတာကို သူ့ကို ကျွန်တော် သင်ပေးထားပါတယ်။ အင်္ဂလန်မှာ သူ အောင်မြင်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments