Thursday, March 12, 2026
spot_img
spot_img

ဒီရာသီမှာ မိုဆာလား ရုန်းကန်နေရတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ မက်လော်ရန်ဆင်

မက်လော်ရန်ဆင်က လက်ရှိ အချိန်မှာ မိုဟာမက်ဆာလား ပုံစံကောင်း ပျောက်ဆုံးနေရတာဟာ ပြီးခဲ့တဲ့ အပတ်တွေက ယာဂန်ကလော့ မဖြစ်မနေ လုပ်ခဲ့ရတဲ့ အပြောင်းအလဲတွေကြောင့်လို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ ဒီရာသီမှာ ခြေစွမ်းပြ အတော်လေး ကျဆင်းနေပြီး ခံစစ်ပိုင်း အမှားတွေ များနေသလို ၊ ကွင်းလယ်ပိုင်းကလည်း ပြိုင်ဘက်ရဲ့ တိုက်စစ်လမ်းကြောင်းတွေကို မရပ်တန့်နိုင်ဘဲ ဖြစ်နေပြီး တိုက်စစ်ပိုင်း ကလည်း အခွင့်အရေးတွေကို ဖြုန်းတီးမှု များပြားလွန်းနေပါတယ်။

လီဗာပူးဟာ တိုက်စစ်ပိုင်းမှာ ဒီယိုဂိုဂျိုတာ လူး၀စ်ဒီယက် ရော်ဘတ်တိုဖာမီနို တို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားခဲ့တာကြောင့် ကလော့ဟာ တိုက်စစ်ပိုင်းမှာ မိုဆာလား ပင်တိုင်အဖြစ် အသုံးပြုနိုင်ပေမယ့် အခြားနေရာ ၂ ခု ကတော့ အပြောင်းအလဲတွေ မကြာခဏ လုပ်နေရပါတယ်။ ဒါ့အပြင် ကွင်းလယ်ပိုင်းမှာလည်း အဓိကကစားသမားတွေ ပုံစံကောင်း ပျောက်ဆုံးနေမှုတွေကြောင့် တိုက်စစ်ပိုင်းဟာ လိုအပ်တဲ့ ဆားဗစ် မရဘဲ ရုန်းနေရာတာကို တွေ့နေရပါတယ်။

ဒီအတွက်ကြောင့်လည်း လီဗာပူးရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းဟာ အချိတ်အဆက် မမိ ဖြစ်နေခဲ့ပြီး တစ်ချိန်ကလိုမျိုး ပြိုင်ဘက်ကို လွှမ်းမိုး ကစားနိုင်တာမျိုး မလုပ်နိုင်တော့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဆာလားကလည်း ပြီးခဲ့တဲ့ ရာသီတွေက သူပြသခဲ့တဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် မှတ်တမ်းကို ဒီရာသီမှာ ပြသထားနိုင်ခြင်း မရှိ ဖြစ်နေပြီး ကလပ် အတွက် နောက်ဆုံး ၆ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရှိထားခဲ့တဲ့ အပြင် ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး ၇ ဂိုးသာ ရရှိထားခဲ့ပါတယ်။

ဆာလားရဲ့ ပုံစံကောင်း ပျောက်ဆုံးနေမှု အပေါ် မက်လော်ရန်ဆင်က “လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဆာလား အတွက် ဖြစ်နေကြ မဟုတ်ပါဘူး။ ပြသနာတွေထဲက တစ်ခု ကတော့ ဆာလားဟာ အပတ်တိုင်း မတူညီတဲ့ တိုက်စစ်တွဲဖက်တွေ မတူညီတဲ့ ကစားကွက် တွေနဲ့ ကစားနေရခြင်းပဲ ဖြစ်ပါတယ်။ ဆာလားရဲ့ form အတွက် အရေးကြီးတာကတော့ သူ ပျော်ရွှင်စွာ ကစားနေဖို့ လိုအပ်ပြီး ဒါကို သူ့ရဲ့ မျက်နှာမှာ ခင်ဗျား မြင်နိုင်ပါတယ်။

သူ့ကြည့်ရတာ ‘ဒီအသင်းမှာ ဘာတွေ ဖြစ်နေတာလဲဟ?’ ဆိုတဲ့ ပုံစံမျိုး ပါပဲ။ အကျိုးဆက် အနေနဲ့ ဆာလားဟာ အခြား လီဗာပူး အသင်းသားတွေလိုပဲ ကစားပုံ မကောင်း ဖြစ်နေတဲ့ အပြင် လုံလောက်တဲ့ ပံ့ပိုးမှုတွေလည်း မရ ဖြစ်နေပါတယ်။ ဆာလားလို ကစားသမားမျိုးဟာ နေ့ချင်းညချင်း ညံ့ဖျင်းတဲ့ ကစားသမား ဖြစ်မသွားနိုင်ပါဘူး။

လူတွေ ကတော့ ဒါဟာ စာချုပ်သစ်ကြောင့် ဆိုပြီး ပြောဆိုနေကြပါတယ်။ ကျနော် ကတော့ ဒါဟာ ဒီကိစ္စနဲ့ လုံး၀ သက်ဆိုင်မှု မရှိဘူးလို့ ထင်ပါတယ်။ သူ ဒီအတိုင်းပဲ ကစားပုံ မကောင်း ဖြစ်နေတာပါ။ ဒါဟာ attitude နဲ့ လုံး၀ မဆိုင်ပါဘူး။ ဒါ့အပြင် သူဟာ အခွင့်အရေးတွေလည်း သိပ်အများကြီး မရ ဖြစ်နေပါတယ်။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments