Thursday, October 23, 2025
spot_img
spot_img

ဒါဝင်နူးနက်ဇ်သည် လီဗာပူးလ်အသင်းကို အဓိကဆုဖလားများ ရယူပေးနိုင်မည့်သူမဟုတ်ဟု ဒီဖိုး သုံးသပ်

စပါးနှင့်အင်္ဂလန်တိုက်စစ်မှူးဟောင်း ဒီဖိုးက လီဗာပူးလ်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ် သည် အသင်းကို အဓိကဆုဖလားများ ရယူပေးနိုင်မည့်သူမျိုးမဟုတ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ 

အသက် ၂၄ နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးနက်ဇ်သည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲ စုံ ၅၂ ပွဲတွင် ၁၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ထားသည်။ သို့သော် ဒါဝင်နူးနက်ဇ်အနေဖြင့် ဂိုးရနိုင်သည့် အပိုင်အခွင့် အရေးများကို လွဲချော်ခြင်း၊ ဖြုန်းတီးခြင်းများကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အာဆင်နယ်၊ မန်စီးတီးအသင်းတို့နှင့်အပြိုင်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များတွင် ဆာလာနှင့် ဒါဝင်နူးနက်ဇ်တို့ ဂိုးပေါက်ကာ ခြေစွမ်းမပြနိုင်သဖြင့် ချန်ပီယံလုပွဲမှ ထွက်ခွာခဲ့ရသည်။ ထို့ကြောင့် ဒါဝင်နူးနက်ဇ်မှာ လီဗာပူးလ်အသင်းပရိသတ်များ၏ လူမှုကွန်ရက်မှ ဆဲဆိုလှောင်ပြောင်မှုများကို ခံခဲ့ရပြီး Instagam မှ လီဗာပူးလ်နှင့်သက်ဆိုင်သည့် အရာအားလုံးကို ဖျက်ပစ်ခဲ့သည်။ 

ယခုအခါ စပါးတိုက်စစ်မှူးဟောင်း ဒီဖိုးက လီဗာပူးလ်အသင်းအနေဖြင့် အဓိက ဆုဖလားများ ရယူလိုပါက တိုက်စစ်မှူးတစ်ဦး ထပ်မံခေါ်ယူရန်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီဖိုးက “လီဗာပူးလ်မှာ ဂျိုတာ ဂိုးသွင်းအသေချာဆုံးပါပဲ။ ဆာလာနဲ့ ဒါဝင်နူးနက်ဇ်တို့ကတော့ အဆုံးသတ်ပိုင်း အားနည်းပါတယ်။ ဒါဝင်နူးနက်ဇ်ဟာ ဂိုးသမားနဲ့ တစ်ဦးချင်းတွေ့တဲ့အနေအထားမှာ ဂိုးသမားကို လိမ်ခေါက်ပြီး သာသာယာယာသွင်းလို့ရတာကို ဂိုးသမားခေါင်းပေါ်ကနေ ကျော်သွင်းဖို့ ကြိုးစားသူမျိုးပါ။ လီဗာပူးလ်အနေနဲ့ အဓိကဆုဖလားတွေ လိုချင်ရင် သူနဲ့တော့ မရပါဘူး”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments