Wednesday, October 29, 2025
spot_img
spot_img

ဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း ယူရို-၂၀၂၄ ပြိုင်ပွဲကို ကော်တိုအာ လွဲချော်မည်

ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာသည် ဒူးဒဏ်ရာမှ ပြန်လည်သက်သာလာပြီဖြစ်သော်လည်း လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲကို လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။

ကော်တိုအာသည် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ရီးယဲလ်အသင်းလူစာရင်း၌ ပြန်လည် ပါဝင်လာပြီး အရန်ခုံထိုင်ခဲ့ခြင်းဖြစ်သည်။  

အသက်(၃၁)နှစ်အရွယ်ရှိ ကော်တိုအာအနေဖြင့် ယင်းဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး နားနေခဲ့ရပြီး ပြန်လာရန်နီးစပ်ခဲ့ချိန်တွင် ပြီးခဲ့သည့်မတ်လက အခြားခွဲစိတ်ကုသမှုတစ်ခုကိုလည်း ခံယူခဲ့ရသည်။ 

ဘယ်လ်ဂျီယံအသင်းနည်းပြ တယ်ဒယ်စကိုက ယူရိုပြိုင်ပွဲတွင် သူ့အား ရွေးချယ်မည်မဟုတ်ကြောင်း အရိပ်အမြွက် ဆိုခဲ့သည်။  

“ဒီအကြောင်းကို အမြဲတမ်းလည်း ပြောထားခဲ့ပြီးသားပါ။ တစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်မှာကို ကျွန်တော် မလိုချင်ပါဘူး။ ပုံစံကောင်းရနေတဲ့ သူတွေအပေါ်မှာပဲ ကျွန်တော်တို့က အာရုံစိုက်ထားပါတယ်”ဟု တယ်ဒယ်စကိုက ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments