Thursday, October 2, 2025
spot_img
spot_img

ဒဏ်ရာကြောင့် (၃)ပတ်ခန့်အနားယူရမည်ဖြစ်၍ ချယ်လ်ဆီးနှင့်ပွဲစဉ်အား မာစီယဲလ်နှင့် လင်ဂတ်တို့ လွဲချော်မည်

မန်ယူအသင်း၏တိုက်စစ်ကစားသမားများဖြစ်သည့် မာစီယဲလ်နှင့် လင်ဂတ်တို့သည့် PSG အသင်းအား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲ၌ ဒဏ်ရာအသီးသီးရရှိခဲ့သောကြောင့် (၃)ပတ်ခန့်အနားရမည်ဖြစ်ပြီး ယခုရက်သတ္တပတ်တွင် ကစားမည့် ချယ်လ်ဆီးအသင်းနှင့် FA ဖလား ပဥ္စမအဆင့်ပွဲစဉ်ကို သေချာပေါက်လွဲချော်တော့မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မာစီယဲလ်နှင့် လင်ဂတ်တို့သည် လာမည့် ဖေဖော်ဝါရီ (၂၄)ရက်တွင် အို်းလ်ထရက်ဖို့ဒ်၌ လက်ခံကစားရမည့် လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်ပြီး မတ်လ (၆)ရက်တွင်ကစားမည့် PSG အသင်းနှင့် နောက်တစ်ဆင့်တက်ရောက်ရေး အဆုံးအဖြတ်ပွဲစဉ်ကိုပါ လွဲချော်ဖွယ်ရှိနေသည်။

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားကလည်း ယင်းကစားသမားနှစ်ဦး၏ဒဏ်ရာအခြေအနေကို အတည်ပြုခဲ့ပြီး အနည်းဆုံး (၂)ပတ်မှ (၃)ပတ်အထိ အနားယူရမည်ဟု ဆိုခဲ့သည်။ ဆိုးလ်ရှားလ်လက်ထက် ပထမဆုံးရှုံးပွဲကြုံခဲ့သည့် PSG အသင်းနှင့်ပွဲစဉ်တွင် မာစီယဲလ်မှာ ပေါင်ခြံဒဏ်ရှိခဲ့ခြင်းဖြစ်ပြီး လင်ဂတ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်း၏အဓိကကွင်းလယ်လူပေါ့ဘာမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် PSG အသင်းနှင့် ဒုတိယအကျော့ပွဲစဉ်ကိုလွဲချော်မည်ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments