Monday, October 20, 2025
spot_img
spot_img

ထိပ်တန်းကလပ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားနေသော်လည်း နီကိုဝီလျံစ်ကို အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ဘီလ်ဘာအိုဥက္ကဋ္ဌ ယုံကြည်နေ

ဘီလ်ဘာအိုအသင်းဥက္ကဋ္ဌဖြစ်သူ အူရီအာတေက ဥရောပထိပ်တန်းကလပ်အသင်း၏ စိတ်ဝင်စားခြင်းကို ခံနေရသည့် အသင်းတောင်ပံတိုက်စစ်ကစားသမား နီကိုဝီလျံစ်အား အသင်းတွင် ဆက်ထိန်းထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

အသက် ၂၁ နှစ်အရွယ်ရှိ နီကိုဝီလျံစ်သည် ဥရောပတွင် ထွန်းတောက်လာသည့် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဘာစီလိုနာ အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေပြီး ယခုနွေတွင် အသင်းပြောင်းဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။ 

သို့သော် ဘီလ်ဘာအိုဥက္ကဋ္ဌ အူရီအာတေက “နီကို(ဝီလျံစ်)က ဘီလ်ဘာအိုမှာပျော်နေသလို ကျွန်တော်တို့ကလည်း အသင်းမှာ နီကို ရှိနေတဲ့အတွက် ပျော်နေကြတာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းကို ချန်ပီယံဆုတွေ စိန်ခေါ်နိုင်အောင် တည်ဆောက်လိုဖို့ ကြိုးစားနေတာပါ။ နီကို အသင်းမှာ ဆက်နေမယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments