Thursday, March 12, 2026
spot_img
spot_img

တူရင်မြေရှုံးပွဲအပြီး ရှုံးထွက်အဆင့်တက်ရောက်ဖို့ အမှတ်ဘယ်လောက်လိုအပ်မလဲဆိုတာ ထုတ်ပြောလာတဲ့ ပက်ဂွါဒီယိုလာ

ဂျူဗင်တပ်စ်ကို ရှုံးနိမ့်ပြီးနောက် မန်စီးတီးအနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေး မျှော်လင့်ချက်ကို ပြန်လည်ဆယ်တင်နိုင်ရန်အတွက် တိုက်ပွဲဝင်နေရပြီလို့ ပက်ဂွါဒီယိုလာက ဝန်ခံပြောဆိုခဲ့ပါတယ်။

မန်စီးတီးက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ဥရောပပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ်တွေမှာ ရှုံးပွဲလုံးဝမရှိခဲ့ပေမယ့် အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ သူတို့အသင်းရဲ့နောက်ဆုံးချန်ပီယံလိဂ်ရှုံးပွဲကတော့ ဒီနေ့မနက်ပိုင်း၊ အဝေးကွင်းမှာ ဂျူဗင်တပ်စ်ကို အရေးနိမ့်ခဲ့မှုဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲအနက် ကိုးပွဲအထိ နိုင်ပွဲပျောက်ဆုံးတဲ့မှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

အခုရှုံးနိမ့်မှုနဲ့အတူ မန်စီးတီးက ပြိုင်ပွဲဝင် ၃၆ သင်းပါ ချန်ပီယံလိဂ်အုပ်စုအဆင့်အမှတ်ပေးဇယားရဲ့ အဆင့်-၂၂ နေရာအထိ ရောက်ရှိသွားပြီး လာမယ့်နှစ်သစ်မှာ အကြိုရှုံးထွက်ပွဲစဉ်နှစ်ပွဲကစားရဖို့တောင် အတော်လေးရုန်းကန်ရမယ့်အခြေအနေဆီ ဆိုက်ရောက်သွားခဲ့ပါတယ်။ မန်စီးတီးအနေဖြင့် အခုအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးရှစ်နေရာဆီ တက်လှမ်းနိုင်ရေး အတော်လေးခက်ခဲသွားခဲ့ပြီး ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း အုပ်စုအဆင့်ပွဲစဉ်တွေပြီးမြောက်ချိန် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆက်ရှိနေစေဖို့ သူ့ရဲ့အာရုံစိုက်မှုတွေကို ချိန်ညှိလာခဲ့ပါတယ်။

Guardiola reveals how many points Man City need to reach knockout stages after losing to Juventus

မန်စီးတီးက ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရချိန်မှာ ပွဲကြိုအစီအမံတွေအတိုင်း ဆောင်ရွက်နိုင်ခဲ့ပေမယ့် အဆုံးသတ်ဂိုးသွင်းယူနိုင်ဖို့တော့ အတော်လေးအခက်တွေ့နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ခံစစ်ပိုင်းအမှားအယွင်းနှစ်ခုမှတဆင့် ပေးဆပ်ရမှုလည်း ကြီးမားသွားခဲ့ပါတယ်။
ဒါပေမယ့် ပက်ဂွါဒီယိုလာကတော့ တူရင်မြို့မှာ အမှားအယွင်းတွေများခဲ့တယ်ဆိုတဲ့အယူအဆကို လက်မခံခဲ့ပါဘူး။

သူက “အဲ့ဒီအချက်က ဒီနေ့အတွက် အကြောင်းပြချက်မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ နောက်ဆုံးဘောလုံးပေးပို့မှုပုံစံတွေက လွဲချော်နေခဲ့သလို ခြောက်ကိုက်စည်းအတွင်းအထိ ဘောလုံးရောက်ရှိအောင် မပေးပို့နိုင်ခဲ့ပါဘူး။ တည်ငြိမ်မှုအပြည့်နဲ့ ဖန်တီးမှုတွေ လုပ်ဆောင်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။ ဒီအချက်ကပဲ ဒီနေ့မှာ မတူကွဲပြားမှုတွေကို ဖန်တီးသွားခဲ့တာပါ။ ဒါပေမယ့် ဒီနေ့ကျွန်တော်တို့အသင်း ကစားပုံကောင်းခဲ့ပါတယ်။ ဒီလိုကစားပုံကိုလည်း ကျွန်တော် ကြိုက်ပါတယ်။ ဒီရလဒ်ပိုင်းတွေက ကျွန်တော့်ကို ဆန့်ကျင်ဘက်အခြေအနေဆီ ရောက်ရှိသွားအောင် မစည်းရုံးနိုင်ပါဘူး။

ဒီနေ့ပွဲစဉ်မှာဆို ကျွန်တော်တို့အသင်း ကစားပုံ လုံးဝကိုကောင်းမွန်ခဲ့ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ကျွန်တော်တို့အတွက် ပိုပြီးတော့ တွန်းအားဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့အသင်းက တိုက်စစ်ကို လျှင်လျှင်မြန်မြန်စတင်လေ့ရှိတဲ့ အသင်းတစ်ခုပါ။ ကျွန်တော်တို့တွေ စည်းချက်မှန်မှန်ကန်ကန်နဲ့ ကစားနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးမကန်သွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံးအထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ ဒီလိုအခြေအနေမှတဆင့် ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့အသင်းစွမ်းဆောင်ရည်ကို တကယ်ကြိုက်ပါတယ်”လို့ ပြောပါတယ်။

Manchester City are trying to regain their hopes of reaching the knockout stages of the Champions League.

လက်ရှိမန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်အမှတ်ပေးဇယားရပ်တည်မှုအရ နောက်ဆုံးနှစ်ပွဲအနက် တစ်ပွဲအနိုင်ရရှိမယ်ဆိုရင် အကြိုရှုံးထွက်အဆင့်ပွဲစဉ်ကစားရဖို့ သေချာသွားလိမ့်မယ်လို့ ပက်ဂွါဒီယိုလာက ယုံကြည်နေပါတယ်။ သူတို့တွေက ပီအက်စ်ဂျီနဲ့အဝေးကွင်း၊ ဘရုဂေးနဲ့ အိမ်ကွင်းပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားသွားရပါမယ်။

ပက်ဂွါဒီယိုလာက “ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ပစ်မှတ်ပါပဲ။ ကျွန်တော်တို့အတွက် တစ်မှတ်၊ သုံးမှတ်လောက်တော့ လိုအပ်နေပါတယ်။ နှစ်ပွဲကစားရဖို့ ကျန်နေပါသေးတယ်။ ပါရီမြေမှာလည်း ဒီရည်မှန်းချက်အတွက် ကြိုးစားသွားမှာဖြစ်သလို နောက်ဆုံးကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာလည်း ကျွန်တော်တို့ ကြိုးစားသွားပါမယ်။

ဖီယင်နု၊ အင်တာမီလန်တို့နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ်တွေမှာ ကျွန်တော်တို့အသင်း အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လစ္စဘွန်း၊ တူရင်နဲ့ ပါရီမြေမှာကစားရမယ့် အဝေးကွင်းပွဲစဉ်တွေကတော့ ကျွန်တော်တို့အတွက် တကယ့်ကိုခက်ခဲလွန်းပါတယ်။ ဒီအချက်ကို လက်ခံထားရပါမယ်။ ကျွန်တော်တို့သာ အလှည့်အပြောင်းတွေ ပြုလုပ်နိုင်မယ်ဆိုရင် ဒီအခိုက်အတန့်ကို မေ့ပျောက်နိုင်စရာ မရှိတော့ပါဘူး”လို့ ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments