Friday, March 13, 2026
spot_img
spot_img

တန်းဟက်နဲ့ပထမဆုံးအကြိမ် တိုက်ရိုက်ဆက်သွယ် စကားပြောခွင့်ရခဲ့တဲ့ ဂရင်းဝုဒ်

မေဆင်ဂရင်းဝုဒ်သည် မန်ယူအသင်းမန်နေဂျာတန်းဟက်နှင့်ပထမဆုံးအကြိမ်အဖြစ် ဆက်သွယ်စကားပြောဆိုခဲ့သည်။ ဂရင်းဝုဒ်သည် ပြစ်ဒဏ်ကျခံရခြင်း မရှိသော်လည်း မန်ယူတွင် ပါဝင်ကစားခွင့်မရပဲ အသင်းအတွင်း စုံစမ်းစစ်ဆေးမှုများကို ခံယူရဦးမည်ဖြစ်သည်။

ဂရင်းဝုဒ်သည် ပြဿနာများဖြစ်ပွားခဲ့သည့် ဇန်နဝါရီ ၂၀၂၂ နောက်ပိုင်းတွင် မန်ယူအသင်းနှင့် ကြားခံလူမှ တစ်ဆင့်သာဆက်သွယ်ခဲ့ရသည်။ ယခုအခါ ဂရင်းဝုဒ်သည် တန်းဟက်နှင့် ပထမဆုံးအကြိမ် တယ်လီဖုန်း ပြောခွင့်ရခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းမန်နေဂျာနှင့် ထိုသို့ စကားပြောခွင့်ရခဲ့ခြင်းသည် ဂရင်းဝုဒ်အတွက် ကြီးမားသည့်ခြေလှမ်းဖြစ်ကြောင်း ၎င်းကလည်းများစွာသဘောကျနေကြောင်း သတင်းရင်းမြစ်တစ်ခုကဖော်ပြသည်။

ဂရင်းဝုဒ်က မန်ယူအသင်းတွင်ပြန်လည်ပါဝင်နိုင်ရေးကို တန်းဟက်က ဆုံးဖြတ်မည်မဟုတ်ပဲ အသင်းက ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသည်။ ဂရင်းဝုဒ်သည် မန်ယူနှင့် ၂၀၂၅ အထိစာချုုပ်သက်တမ်း ရှိနေပြီး အသင်းအတွက် ၁၂၉ ပွဲပါဝင်ကစားကာ ၃၅ ဂိုးသွင်းထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments