Wednesday, March 4, 2026
spot_img
spot_img

တစ်နှစ်လစာ ပေါင်(၃၅)သန်းတန်ကြေး ပါဝင်သည့် ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှု(၃)ခုကို ရပ်ရှ်ဖို့ဒ် ငြင်းပယ်ခဲ့ကြောင်း Daily Mail ဖော်ပြ

မန်ယူအသင်း၏ တိုုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် တစ်နှစ်လစာ ပေါင်(၃၅)သန်းတန်ကြေး ပါဝင်သည့် ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှု(၃)ခုကို ငြင်းပယ်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)သည် မန်ယူအသင်း၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်လာသည့် ကစားသမားတစ်ဦးဖြစ်သလို၊ ၂၀၁၆ ခုနှစ်ကတည်းက အသင်းတွင် စတင်ကစားခွင့်ရခဲ့သည့် ၀ါရင့်ကစားသမားတစ်ဦးဖြစ်သော်လည်း လက်ရှိအချိန်တွင် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည်။

၎င်းသည် ပြီးခဲ့သည့်ရာသီကတည်းက ခြေစွမ်းမပြနိုင်သည့်အတွက် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုရာသီတွင်မူ နည်းပြသစ် အာမိုရင်မ်လက်ထက်၍ အသင်းလူစာရင်းမှ ချန်လှပ်ခံရသည်အထိ အခြေအနေ ဆိုးရွားလာခဲ့သည်။

အာမိုရင်မ်က ၎င်းကို နေရာပေးလိုခြင်းမရှိသည့်အတွက် မန်ယူအသင်းတာဝန်ရှိသူများက ၎င်းအား ရောင်းထုတ်ရန် စီစဉ်နေကြောင်းလည်း သတင်းထွက်နေသည်။

Rashford has rejected three offers from the Saudi League salary of £35m per year

ယင်းအခြေအနေတွင် ဆော်ဒီကလပ်အသင်းများက ၎င်းအား ခေါ်ယူရန် ကမ်းလှမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယခုနောက်ပိုင်းကာလများ၌ ဥရောပမှ ထိပ်တန်းကစားသမားများအား ကြေးကြီးပေးခေါ်ယူနေသည့် ဆော်ဒီကလပ်အသင်းများသည် ရပ်ရှ်ဖို့ဒ်ကို တစ်နှစ်လစာပေါင်(၃၅)သန်းပေးမည့် မက်လုံးဖြင့် ကမ်းလှမ်းခဲ့သော်လည်း ရပ်ရှ်ဖို့ဒ်က လက်မခံဘဲ ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းမှ ထွက်ခွာရမည်ဆိုပါက ထိပ်တန်းလိဂ်ပြိုင်ပွဲတစ်ခုမှ ထိပ်သီးကလပ်အသင်းတစ်သင်းတွင်သာ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိကြောင်း သိရသည်။

၎င်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားခွင့်ရရှိရန် ရည်မှန်းထားသောကြောင့် ထိပ်သီးကလပ်အသင်းတစ်သင်းတွင်သာ နေရာလုပွဲဆင်နွှဲသွားရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments