Monday, October 20, 2025
spot_img
spot_img

တင်ဘာ ရဲ့ အရပ်အမောင်းအပေါ် မစိုးရိမ်ကြဖို့ အာဆင်နယ် ပရိသတ်တွေကို ရှင်းပြလိုက်တဲ့ ဂျပ်စတမ်း

မန်ချက်စတာ ယူနိုက်တက် ဟီးရိုး ဂျပ်စတမ်း က အာဆင်နယ် အသင်း ကို ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ် မှာ ကစားမယ့် နယ်သာလန် လက်ရွေးစင် တင်ဘာ ရဲ့ အရပ်အမောင်း အပေါ် စိုးရိမ်နေကြတဲ့ အပေါ် မစိုးရိမ်ကြဖို့ ရှင်းလင်း ပြောကြား လာခဲ့ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ယူရီယန် တင်ဘာ ဟာ အိုင်းယက်စ် အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးထားသူ ဖြစ်ပြီး နယ်သာလန် လက်ရွေးစင် အသင်းအတွက် ၁၅ ပွဲ ကစားပေးထားပါတယ် ။ အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ညာနောက်ခံလူ နေရာအတွက် တင်ဘာ ကို အိုင်းယက်စ် အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ ကျော် နဲ့ ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

မန်ယူနိုက်တက် နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးတဲ့ ဂျပ်စတမ်း ကတော့ Goal သတင်းထောက် ချားလ်ဝက်စ် နဲ့ အင်တာဗျူးမှာ ” တင်ဘာ ရဲ့ အရပ်အမောင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုဘူးလို့ ထင်ပါတယ် ။ အာဆင်နယ် ပရိသတ် ဆို သူတို့အသင်းရဲ့ကစားပုံက ဘယ်လိုလဲ ၊ အားသာချက် က ဘယ်လိုလဲ ဆိုတာ ကောင်းကောင်း သိကြမှာပါ ။ ”

” ကိုယ့်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီး နဲ့ လွှမ်းမိုး ကစားနိုင်တယ်ဆိုရင် ခံစစ် အများကြီး ကစားဖို့ မလိုပါဘူး ။ ပရီးမီးယားလိဂ် ဆိုတော့လည်း ကိုယ်ဘယ်လောက်ပဲ လွှမ်းမိုး ကစားကစား ခံစစ် ကစားရတဲ့ အချိန်ကတော့ ရှိတာပေ့ါဗျာ ၊ ဒါတွေက မန်နေဂျာ တွက်ချက် ရမယ့် အရာတွေပေါ့ဗျာ ။ ”

” တင်ဘာက လူကောင်ကြီး အရပ်မရှည်ဘူးဆိုတာ ကျနော်တို့ အားလုံး သိပါတယ် ၊ ဇင်ချန်ကိုလည်း လူကောင်မကြီးပါဘူး ၊ ဒါပေမယ့် လူကောင်ကြီးမကြီးထက် 1vs1 တွေ duel တွေမှာ ပါးနပ်ဖို့က အဓိကပါ ၊ ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး ၊ ပရီးမီးယားလိဂ် က သူ့အတွက် လေ့လာ သင်ယူစရာတွေ အများကြီး ရှိမယ့် နေရာပါ ။ ”

” ပွဲတွေ ကစားရင်း နဲ့ ဒီလိဂ် မှာ ကစားရတဲ့ အခါ တွေ့လာရတဲ့ အခက်အခဲတွေ ကို သူသိလာပါလိမ့်မယ် ။ သူက ပါးနပ် လိမ်မာသူဆိုတော့ ဒီအခက်အခဲတွေကို ကောင်းကောင်း ရင်ဆိုင် ဖြေရှင်း နိုင်မှာပါ ၊ အရေးအကြီးဆုံးအရာက သူက ဘောလုံးကောင်းကောင်း ကိုင် ကစားနိုင်တယ် ၊ ခံစစ် ကစားနိုင်တယ် ၊ အမြန်နှုန်းလည်း ကောင်းတယ် ၊ 1 vs 1 တွေကိုလည်း ကောင်းကောင်း ထိန်းနိုင်ပါတယ် ၊ ကျနော်ကတော့ အများကြီး မစိုးရိမ်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments