ကချင်တိုင်းရင်းသား မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်က ဇန်နဝါရီ ၁၄ ရက်တွင် ထိုးသတ်မည့် ၎င်း၏ပွဲမှာ အပြောင်းအလဲ အနည်းငယ်ရှိမည်ဖြစ်ကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောကြားခဲ့သည်။

အောင်လအန်ဆန်က”ဒီနှစ်ထဲမှာ ကျွန်တော် နိုင်ပွဲတွေ အရယူဆောင်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန်လုပ်နေပါတယ်။ ဇန်နဝါရီ ၁၄ ရက်မှာ ထိုးသတ်ရမယ့် ကျွန်တော့်ရဲ့ပွဲက အနည်းငယ်အပြောင်းအလဲရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ပွဲအပေါ် အာရုံစိုက်ထားမှုက ဒီအတိုင်းပါပဲ။ ဒီအပြောင်းအလဲနဲ့ ပတ်သက်လို့ ONE Championship က မကြာခင် သတင်းထုတ်ပြန်ပေးပါလိမ့်မယ်” ဟု သူ၏ တရားဝင် Facebook လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။

ONE Championship သည် ONE ON Prime Video-6 ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် အောင်လအန်ဆန်နှင့် တရုတ်နိုင်ငံသား ဖန်ယုံတို့ ထိုးသတ်မည့်တွဲဆိုင်းကို ထည့်သွင်းထားသည်။

ယခုအခါ အောင်လအန်ဆန်၏ ထုတ်ဖော်ပြောဆိုမှုအရ ပြိုင်ဘက်ကစားသမားမှာ အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်။